ရန်ကုန် စမ်းချောင်းပိတ်ဆို့ခံမှု နိုင်ငံခြားသံရုံးတချို့ စိုးရိမ်မှု ထုတ်ပြန်

ရန်ကုန်မြို့ရှိ လမ်းတခုမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက တချို့နေရာတွေမှာ လုံခြုံရေးတွေက လမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေနဲ့ အနီးအနားမြို့နယ်တွေက ပြည်သူတွေ လမ်းတွေပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

စမ်းချောင်းလမ်းမကြီးနဲ့ အနားတဝိုက် လုံခြုံရေးတွေ ပိတ်ဆို့ထားတဲ့အတွက် အခြေအနေတင်းမာနေတဲ့ အခြေအနေကို အမေရိကန်သံရုံးက ထုတ်ပြန်ပြီး အဲဒီမှာ ပိတ်မိနေသူတွေအားလုံး လုံခြံု ဘေးကင်းစွာ အိမ်ပြန်နိုင်ရေးအတွက် လုံခြံုရေးတပ်တွေကို ရုပ်သိမ်းပေးပါလို့ အမေရိကန်သံရုံးက Facebook စာမျက်နှာပေါ်ကနေ တောင်းဆိုပါတယ်။ စမ်းချောင်းနဲ့ တခြားနေရာတွေမှာ လူငယ်တွေ ပိတ်မိနေတဲ့ အခြေအနေကို အထူးစိုးရိမ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂသံရုံးကလည်း ထုတ်ပြန်ပါတယ်။ အဲဒီလူငယ်တွေ ဘေးကင်းလုံခြံုစွာ နေအိမ်တွေ ပြန်နိုင်ခွင့် လုံခြံုရေးတပ်ဘက်ကပေးဖို့ EU သံရုံးကလည်း ထုတ်ပြန်ပါတယ်။

ရန်ကုန်ကနေဒါသံရုံးကလည်း စမ်းချောင်းဘက်က တင်းမာနေတဲ့ အခြေအနေတွေကို စိုးရိမ်စရာဖြစ်တယ်လို့ပြောပါတယ်။ အရပ်သားတွေနဲ့ ဆန္ဒပြသူတွေအပေါ် အင်အားသုံးတာ ဘယ်တော့မှ လက်ခံနိုင်စရာ မရှိဘူး။ လုံခြုံရေးတွေအနေနဲ့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လူတွေ ဘေးကင်းစွာပြန်နိုင်အောင် လုံခြံုရေးတွေ ရုပ်သိမ်းပေးဖို့ ရန်ကုန် ကနေဒါသံရုံးက ထုတ်ပြန်တောင်းဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း စမ်းချောင်းဘက်က တင်းမာနေတဲ့ အခြေအနေတွေ ချက်ချင်းလျော့ကျသွားအောင်လုပ်ဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Tom Andrews ကလည်း ငြိမ်းချမ်းစွာဆန္ဒပြသူ ၂၀၀ လောက်စမ်းချောင်းဘက်မှာ ပိတ်မိနေတဲ့ သတင်းတွေ ရရှိတယ်လို့ သူ့ရဲ့ Twitter ပေါ်မှာ ရေးသားပါတယ်။ သူတို့ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်။ ကိုယ့်အခွင့်အရေးကို သုံးပြီး ဆန္ဒပြသူတွေအပေါ် ကြောက်လန့်အောင်လုပ်နေတာ ချက်ချင်းရပ်ရမယ်လို့ အထူးသံတမန် Tom Andrews ကရေးထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/yangon-sanchaung-myanmar-military-coup/5806090.html

ရန်ကုန် စမ်းချောင်းပိတ်ဆို့ခံမှု နိုင်ငံခြားသံရုံးတချို့ စိုးရိမ်မှု ထုတ်ပြန် ရန်ကုန် စမ်းချောင်းပိတ်ဆို့ခံမှု နိုင်ငံခြားသံရုံးတချို့ စိုးရိမ်မှု ထုတ်ပြန် Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.