ကော့သောင်းတွင် ယနေ့ ကျဆုံးသူ ၃ ဦးရှိနေပြီ





(၃၀-၃-၂၀၂၁)

ကော့သောင်းမြို့က ဆန္ဒပြပွဲဖြိုခွင်းခံရတဲ့အတွက် ဒီနေ့ တရက်တည်း သေဆုံးသူ ၃ ဦးအထိရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးမှာ ဒီနေ့လည်ပိုင်းကျဆုံးသူအမည်က အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦးဖြစ်ပါတယ်။

မနက်ပိုင်းတုန်းကလည်း အသက် ၂၂ ဝန်းကျင်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီးဖြစ်‌ပါတယ်။

အခုချိန်အထိ ကော့သောင်း ရွှေပြည်သာရပ်ကွက်အတွင်း ပစ်ခတ်မှု ဖြစ်ပွားနေဆဲ လို့ သိရပါတယ်။

ထားဝယ်မှာတော့ မတ် ၂၇ ရက်နေ့က ဆိုင်ကယ်စီးရင်း အကြောင်းမဲ့အပစ်ခံရတဲ့ ကိုကျော်မင်းလတ်-အသက် ၁၇ နှစ် ဒီနေ့ သေဆုံးသွားပြီဖြစ်ပါတယ်။ ဆိုင်ကယ်စီး လူငယ် ၃ ဦး အဲဒီလိုအပစ်ခံရတဲ့ CCTV မှတ်တမ်းဟာ ကမ္ဘာတလွှားပြန့်နှံ့သွားခဲ့ပေမယ့် စစ်ဆေးရုံမှတ်တမ်းမှာတော့ စစ်သားတွေပစ်လို့သေတာမဟုတ်ပဲ ဆိုင်ကယ်ပေါ်က ပြုတ်ကျ လို့ သေဆုံးတာသာဖြစ်တယ်လို့ ရေးသားထားပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများကူညီရေးအသင်း ရဲ့ထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ ပစ်သတ်မှုကြောင့် သေဆုံးသူ ၅၀၀ ကျော်နေပြီဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ကော့သောင်းတွင် ယနေ့ ကျဆုံးသူ ၃ ဦးရှိနေပြီ ကော့သောင်းတွင် ယနေ့ ကျဆုံးသူ ၃ ဦးရှိနေပြီ Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.