ရွှေပြည်သာမြို့နယ်မှာ မတ်လ ၁၄ ရက် ဒီနေ့ညနေပိုင်း အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ခုနစ်ယောက် သေနတ်ကျည်ဆံထိမှန်ခဲ့ပါတယ်။
မနက်ပိုင်းပစ်ခတ်မှုမှာလည်း ငါးယောက် သေနတ်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညပိုင်း ၇ နာရီခန့် ရွှေပြည်သာ ဒေသခံတစ်ယောက်ရဲ့ ပြောဆိုမှုအရ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လေးယောက်သေဆုံးပြီး ဒဏ်ရာရသူ နှစ်ယောက်ကိုလည်း ရွှေပြည်သာ အထက ၁ ကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
RFA Burmese
ဒီနေ့ ရွှေပြည်သာ ပစ်ခတ်မှု
Reviewed by THITHTOOLWIN
on
21:10
Rating:

No comments:
Post a Comment