တောင်ကြီး စိန်ပန်း ညသပိတ် အမျိုးသားတဦး ဖမ်းခံရ


သျှမ်းသံတော်ဆင့်၊ မတ် ၁၆ရက်

တောင်ကြီး စိန်ပန်းရပ်ကွက် ယနေ့ (မတ် ၁၆)ရက် စစ်အာဏာရှင်ကျဆုံးရေးအတွက် ညသပိတ် ပြုလုပ်ကြရာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပြီး အမျိုးသားတဦးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ထိုဖမ်းဆီးသွားသည့် အမျိုးသားကို ပြန်လွှတ်ပေးရန် အတွက် စိန်ပန်းရပ်ကွက်ပြည်သူများက ရဲစခန်းသို့ လိုက်သွားပြီး တောင်းဆိုသဖြင့် ရဲမှ  သေနတ်ပစ် အကြမ်းဖက်ဖြိုခွင်းခဲ့သော်လည်း ပြည်သူများက လက်ရှိအချိန်ထိ ထိုစိန်ပန်းရဲစခန်းရှေ့တွင် ရှိနေသေးကြောင်းသိရသည်။

“ သေနတ် (၅)ချက် ကျော်ပစ်တယ်။  တယောက်ကိုတော့ ရိုက်နှက်ပြီး ခေါ်သွားတယ်။ စိန်ပန်းရဲစခန်းကို လူတွေ လိုက်သွားပြီး ဖမ်းသွားတဲ့လူပြန်ပေးဖို့ သွားတောင်းတာ။  အဲ့ဒါနဲ့ သေနတ်ပစ်ဖောက်လိုက်တယ်” ဟု တောင်ကြီးဒေသခံ ပြောပြချက် အရသိရသည်။
လက်ရှိအချိန်ထိ တည်ငြိမ်မှုမရှိသေးကြောင်း သိရသည်။

SHAN News (Burmese Version)



တောင်ကြီး စိန်ပန်း ညသပိတ် အမျိုးသားတဦး ဖမ်းခံရ တောင်ကြီး စိန်ပန်း ညသပိတ် အမျိုးသားတဦး ဖမ်းခံရ Reviewed by THITHTOOLWIN on 00:35 Rating: 5

No comments:

Powered by Blogger.