မိုးကုတ်မှာ ညဘက်ပစ်ခတ်နေ၊ နှစ်ဦး ကျည်ထိမှန်သေဆုံး



မန္တလေးတိုင်း မိုးကုတ်မြို့၊ လယ်ဦးကျေးရွာ တောင်နီကွေ့နားမှာ ကင်းစောင့်နေတဲ့ ပြည်သူတွေကို ဒီကနေ့ ညမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်သွားတာကြောင့် နှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကိုမြင့်နိုင်နဲ့ ကိုနိုင်လင်းအောင်တို့နှစ်ဦးနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်တဲ့တစ်ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက RFA ကို ဆက်သွယ်ပြောဆိုထားပါတယ်။

ည ၁၁ နာရီအချိန်ထိ မြို့တွင်းမှာလည်း ပစ်ခတ်မှုတွေရှိနေပြီး စစ်ကားတွေမြို့ထဲမှာ ပတ်နေပြီးတော့ လိုက်လံဖမ်းဆီးတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

RFA Burmese



မိုးကုတ်မှာ ညဘက်ပစ်ခတ်နေ၊ နှစ်ဦး ကျည်ထိမှန်သေဆုံး မိုးကုတ်မှာ ညဘက်ပစ်ခတ်နေ၊ နှစ်ဦး ကျည်ထိမှန်သေဆုံး Reviewed by THITHTOOLWIN on 03:57 Rating: 5

No comments:

Powered by Blogger.