မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့က ပြည်သူများထံ အသိပေးစာတစ်စောင်ထုတ်ပြန်

မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့မှ မိုးညှင်းမြို့ရှိမိဘပြည်သူများထံ အသိပေးစာတစ်စောင်ကို မတ်၃၁ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ၁ရက်နေ့မှစတင်ကာ ယခု ၂လပြည့်မြောက်ခဲ့ပြီဖြစ်ကာ အာဏာလုအကြမ်းဖက်စစ်အုပ်စု မှ  ပြည်သူတစ်ရပ်လုံးအပေါ် လက်နက်အားကိုးဖြင့် နည်းလမ်းမျိုးစုံသုံးကာ ဆောင်ရွက်နေသည့်အပေါ် မိုးညှင်းအခြေစိုက် ကျောင်းသားသမဂ္ဂအဖွဲ့မှ ဧပြီလ ၁ရက်နေ့မှစတင်ကာ အာဏာရှင်စနစ်ပြုတ်ကျသည်အထိဆန့်ကျင်တော်လှန်သွားမည်ဖြစ်ရာ မိုးညှင်းမြို့ရှိမိဘပြည်သူများမှလည်း  ရပ်ကွက်အလိုက်သော်လည်းကောင်း၊လမ်းအလိုက်သော်လည်းကောင်း၊လမ်းထိပ်အလိုက်ရရာနည်းဖြင့် ပါဝင်တော်လှန်ပေးကြရန် ပန်ကြားချက်တွင်ပါရှိသည်။

အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်ကိုမိုးညှင်းမြို့တွင် ဖေဖော်ဝါရီ ၈ရက်နေ့မှ စတင်တော်လှန်ခဲ့ရာ ယင်းတိုက်ပွဲအတွင်း မိုးညှင်းမြို့နယ်အတွင်းမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးနှင့် မိုးညှင်းဒေသခံတစ်ဦး ဟိုပင်မြို့နေ တစ်ဦး စုစုပေါင်း ၃ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆ဦးနှင့် ဖမ်းဆီးခံရသူ ၂၀နီးပါးရှိခဲ့သည်။

ထို့ကြောင့် လူမဆန်သည့် အာဿာလုစစ်ကောင်စီပြုတ်ကျရေး မနက် ၇နာရီနှင့်ညနေ ၅နာရီတွင်တစ်ကြိမ်ပြုလုပ်မည့် သပိတ်စစ်ကြောင်းတွင်မိုးညှင်းမြို့ကမိဘပြည်သူအားလုံးပါဝင်ပေးရန် ပန်ကြားချက်တစ်စောင်ကို မိုးညှင်းအခြေစိုက် ကျောင်းသားသမဂ္ဂအဖွဲ့က ယနေ့ မတ်၃၁ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့က ပြည်သူများထံ အသိပေးစာတစ်စောင်ထုတ်ပြန် မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့က ပြည်သူများထံ အသိပေးစာတစ်စောင်ထုတ်ပြန် Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.