မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးနိုင်ဖို့ စင်ကာပူဝန်ကြီး ကြိုးစားနေ



(၂၂-၃-၂၀၂၁)

မြန်မာ့အရေးကို အာဆီယံမှာဆွေးနွေးရေးအပါဝင် နှစ်နိုင်ငံအကျိုးကိစ္စတွေ ဆွေးနွေးဖို့အတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဟာ ဒီနေ့ အာဆီယံ အလှည့်ကျဥက္ကဌ ဘရူးနိုင်းနိုင်ငံဆီ သွားရောက်ခဲ့ပါတယ်။

ဘရူးနိုင်းဘုရင် Hassanal Bolkiah နဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof တို့က သူ့ကို သီးခြားစီလက်ခံတွေ့ဆုံပြီး မြန်မာ့အရေး၊ အာဆီယံရဲ့ဦးဆောင်မှုနဲ့ နှစ်နိုင်ငံ အကျိုးတူကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

-မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ် အထူးစိုးရိမ်တယ်၊ ဆွေးနွေးညှိနိုင်းပြီး ငြိမ်းချမ်းစွာအဖြေရှာဖို့ သဘောတူခဲ့တယ်-လို့ စင်ကာပူဝန်ကြီးနဲ့ ဘရူးနိုင်း ဒုဝန်ကြီးတို့ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရရှိရေးအတွက် အာဆီယံက အကူအညီပေးဖို့လိုတယ်လို့လည်း ဝန်ကြီးနှစ်ဦးက သဘောတူခဲ့တယ်လို့ဆိုပါတယ်။

စင်ကာပူဝန်ကြီး Dr Balakrishnan ဟာ ညနေပိုင်းမှာ စင်ကာပူကိုပြန်လာပြီး မနက်ဖန် မနက်ကျရင်တော့ မလေးရှားကို ၂ ရက်ကြာ ခရီးထွက်မှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein နဲ့တွေ့ဆုံပြီး ၂ နိုင်ငံအကျိုး တူကိစ္စတွေအပြင် မြန်မာ့အရေး၊ အာဆီယံအရေးကိုလည်း ဆွေးနွေးဖို့ရှိနေပါတယ်။

မလေးရှားခရီးစဉ်ပြီးရင်တော့ စင်ကာပူဝန်ကြီးဟာ အင်ဒိုနီးရှားကို ဆက်သွားဖို့ရှိနေပါတယ်။ 

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လူသတ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချနေသလို အာဆီယံကလည်း ရှုတ်ချနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အာဆီယံ ခေါင်းဆောင်တွေဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့က လူသတ်မှုတွေချက်ခြင်းရပ်ဖို့၊ ဖမ်းဆီးထားသူတွေကိုလွှတ်ပေးပြီး ဆွေးနွေးအဖြေရှာဖို့၊ ဒီမိုကရေစီပြန်လည်ဖေါ်ဆောင်ဖို့ အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးနိုင်ဖို့ စင်ကာပူဝန်ကြီး ကြိုးစားနေ မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးနိုင်ဖို့ စင်ကာပူဝန်ကြီး ကြိုးစားနေ Reviewed by THITHTOOLWIN on 06:45 Rating: 5

No comments:

Powered by Blogger.