ကျောင်းတွေ ပြန်ဖွင့်ရင် တစ်နှစ် နှစ်တန်းသင်မယ်လို့ စစ်ကောင်စီပြော

ကျောင်းပိတ်ရက်အကန့်သတ်မရှိ ပိတ်ထား

အခြေခံပညာ ကျောင်းတွေ မကြာခင် ပြန်ဖွင့်မှာဖြစ်ပြီးတော့ တစ်နှစ်ကို နှစ်တန်းသင်မယ်လို့ လျာထားကြောင်း ဒီနေ့ မတ်လ ၂၃ ရရက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသွားပါတယ်။

ဥပမာ ငါးတန်းကျောင်းသားက တစ်နှစ်အတွင်း ငါးတန်းကော၊ ခြောက်တန်းကော ပြီးအောင်တတ်ရမယ်ပေါ့လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

လာမယ့် ‌မေလ ၃ ရက်နေ့ မှာတော့ မဟာတန်းနဲ့ ပါရဂူဘွဲ့ သင်တန်းတွေ စဖွင့်မှာဖြစ်ပြီးတော့ အခြေခံပညာကျောင်း တွေ ဘယ်တော့ ပြန်ဖွင့်မယ်ဆို တာကို တိတိကျကျ ပြောသွားတာမရှိပါဘူး။

တစ်နှစ်ကို နှစ်တန်းတက်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျောင်းသားမိဘ တွေက ပညာရေးအတွက် တတ်မြောက်မှုမရှိမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ကျောင်းတွေ ပြန်ဖွင့်ရင် တစ်နှစ် နှစ်တန်းသင်မယ်လို့ စစ်ကောင်စီပြော  ကျောင်းတွေ ပြန်ဖွင့်ရင် တစ်နှစ် နှစ်တန်းသင်မယ်လို့ စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 07:35 Rating: 5

No comments:

Powered by Blogger.