မြိုင်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ် ဖြိုခွင်းခံရမှုမှာ သေဆုံးမှု ရှိ၊ ပစ်ခတ်မှုတွေဆက်ရှိနေ

မြိုင်မြို့၊ ပခုက္ကူလမ်းမှာရှိတဲ့ အထက (၁)ကျောင်းအနီးမှာ ဒီနေ့မနက်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် အနည်းဆုံး ၁ ဦးသေဆုံးထားပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ သပိတ်မှာပါဝင်ခဲ့ပြီး သေနတ်ဒဏ်ရာရရှိထားသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

ဒါပေမဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ မြိုင်က ပစ်ခတ်ဖြိုခွင်းမှုမှာ အနည်းဆုံး ၇ ဦးသေဆုံးထားတယ်လို့ ဖော်ပြနေကြပြီး ဘီဘီစီက အတည်ပြုနိုင်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။

မြိုင်မြို့၊ ထန်းငယ်တော ကျေးရွာက အမျိုးသားတစ်ဦး ပေါင်ရင်းကို ကျည်မှန်ကာ ဆီးခုံထုတ်ချင်းပေါက်ဒဏ်ရာနဲ့ ကွယ်လွန်သွားတယ်လို့ ဒီနေ့မတ်လ ၁၁ ရက်မွန်းတည့် ၁၂နာရီဝန်းကျင်က သိရပါတယ်။ "ပြည်သူအချို့ကို ဖမ်းတယ်၊ ရဲတွေကပြေးလွှားနေတာ ဘာဖြစ်လို့လဲဆိုပြီး ရပ်ကြည့်နေတုန်းပစ်ခံရတာပဲ။ တစ်ယောက်သေတယ်။လေးငါးယောက်လောက်ဒဏ်ရာရတယ်။ ကျွန်တော့်လက်ချောင်း တွေကို ကျည်မှန်ထားတယ်။ ကျည်အစစ်တွေနဲ့ ပစ်တာဗျ" လို့ ဒဏ်ရာရခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။

အခြေအနေ အသေးစိတ်ကို ဘီဘီစီက အဲဒီဒေသခံကို ဆက်သွယ်မေးမြန်းနေဆဲမှာပဲ ထပ်မံပစ်ခတ်သံတွေကြားရလို့ ဖုန်းအဆက်အသွယ်ပြတ်တောက်သွားပါတယ်။ ထပ်မံရရှိတဲ့သတင်းတွေကို ဆက်လက်တင်ဆက်ပေးပါမယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြိုင်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ် ဖြိုခွင်းခံရမှုမှာ သေဆုံးမှု ရှိ၊ ပစ်ခတ်မှုတွေဆက်ရှိနေ  မြိုင်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ် ဖြိုခွင်းခံရမှုမှာ သေဆုံးမှု ရှိ၊ ပစ်ခတ်မှုတွေဆက်ရှိနေ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.