ရခိုင်အပြင် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတရပ်လုံးအတွက် ရပ်တည်မယ်လို့ အေအေပြော

အေအေအဖွဲ့ပြောခွင့်ရသူ ခိုင်သုခ

ရခိုင့်တပ်တော် AA ဟာ အဖိနှိပ်ခံ ရခိုင်တွေတင်သာမက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် ရပ်တည်မယ်လို့ AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုက ဘီဘီစီကိုပြောပါတယ်။

AA ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့တာကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။

လက်ရှိမှာ အပြစ်မဲ့ပြည်သူတွေကို မတရားပစ်ခတ် သတ်ဖြတ်ခံနေရတဲ့အပေါ် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်း၊ နောက် စစ်တပ်နဲ့ရဲတွေက ရက်ရက်စက်စက် ကိုင်တွယ်ပုံတွေဟာ လက်မခံနိုင်စရာအနေအထားဖြစ်နေလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ခိုင်သုခက ပြောပါတယ်။

ဆန္ဒပြမှုတွေ အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ပတ်သက်ပြီး AA ရဲ့သဘောထား ဘယ်လိုရှိလဲဆိုတဲ့အပေါ် သူက ပြန်လည်ဖြေကြားခဲ့တာပါ။

    Quote Message: ဘယ်သူကပဲသတ်သတ် အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာဟာ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ ဥပဒေကြောင်းအရ လူသတ်မှုဟာ လူသတ်မှုပါပဲ။ ဒါဟာ သမိုင်းတခေတ်မှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူး။ တရားခံဟာ တရားခံပဲ။ လူဆိုးအလုပ်လုပ်ရင် လူဆိုးလို့ပြောရမှာပဲ။ အကြမ်းဖက်သမားအလုပ်လုပ်ရင် အကြမ်းဖက်သမားလို့ပြောရမှာပဲ။ ပြည်သူကို မတရားသတ်ဖြတ်ရင်လည်း ပြည်သူ့ရန်သူပဲ။

 from ခိုင်သုခ အေအေပြောခွင့်ရ


AA အနေနဲ့ တိုင်းပြည်ကောင်းကျိုးအတွက် ရန်သူမလိုလားဘဲ မိတ်ဆွေပဲ လိုလားတာကြောင့် လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို စောင့်ကြည့်နေတဲ့အကြောင်း၊ ဒီ့ထက်မက ဘယ်လောက်အထိ ဆိုးရွားလာမလဲဆိုတာတွေကိုလည်း စောင့်ကြည့်နေတဲ့အကြောင်း သူကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ရခိုင်အပြင် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတရပ်လုံးအတွက် ရပ်တည်မယ်လို့ အေအေပြော  ရခိုင်အပြင် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတရပ်လုံးအတွက် ရပ်တည်မယ်လို့ အေအေပြော Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.