![]() |
ည ရပ်ကွက် အနီးစက်ရုံတစ်ရုံ မီးလောင်နေစဥ် |
ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်က စက်ရုံတစ် ရုံမီးလောင်နေပြီး မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ့ စက်ရုံဟာဝါးတစ်ရာစက်မှုဇုန်က ဖြစ်ပြီးတော့ စက်ရုံနာမည် ကိုတော့ တိတိကျကျမသိရသေးပါဘူ;၊ ရွေပြည်သာ ၈ ရပ်ကွက်က နေ ကြည့်ရင်မီးခိုးလုံးတွေ မြင်ရကြောင်းလည်းသူက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်း အရင်းကို တိတိကျကျ မသိရပေမဲ့ အဲ့ဒီစက်ရုံဟာ မတ်လ ၁၄ ၇က်နေ့ ညနေပိုင်းကတည်းက မီးလောင်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ရွှေပြည်သာ အရံမီးသတ် တပ်ဖွဲ့ကလည်းမီးငြိမ်းအောင် ကြိုးစားနေကြောင်းတိုက်ရိုက် ရုပ်သံထုတ်လွှင့်နေပါတယ်။
ဒါ့အပြင် ရွှေပြည်သာ ၁၄ ရပ်ကွက် ည ရပ်ကွက် လမ်းဆုံမှာလည်း ညနေပိုင်းက စက်ရုံတစ်ရုံမီးလောင်နေတာကို တွေ့ရတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
BBC Burmese
ရွှေပြည်သာမှာ စက်ရုံအချို့မီးလောင်နေ
Reviewed by THITHTOOLWIN
on
20:38
Rating:

No comments:
Post a Comment