စစ်အာဏာရှင် ဆန္ဒပြသူ ၉၀ နီးပါး မြစ်ကြီးနားမှာ ဖမ်းခံထားရ



Share/Bookmark
စစ်အာဏာရှင် ဆန္ဒပြသူ ၉၀ နီးပါး မြစ်ကြီးနားမှာ ဖမ်းခံထားရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တွေကို တွေ့ရစဉ် / Photo: RFA

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် ဖမ်းဆီးခံရသူ ၉၀ နီးပါးရှိနေပါတယ်။ ဖမ်းဆီးထားသူတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးနေတာပါ။

အဲဒီသူတွေဟာ ဆန္ဒပြခေါင်းဆောင် ဟုတ်၊ မဟုတ်၊ ဆန္ဒပြလှုံ့ဆော်တာ ရှိ၊ မရှိဆိုတာတွေကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ အဖမ်းခံရသူတွေ လွတ်မြောက်ရေးကူညီပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

တစ်စုံတစ်ခု စစ်ဆေးတွေ့ရှိသူတွေကတော့ အမှုဖွင့်ခံရပြီး တရားရင်ဆိုင်ရနိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ၇၀ ကျော်ဟာ မတ် ၈ ရက်နေ့က ဆန္ဒပြပွဲမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနေ့က စုစုပေါင်း ၉၁ ယောက်ကို ဖမ်းဆီးသွားတာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက် ၁၉ ယောက်ကို ညပိုင်းမှာ ပြန်လွတ်လာပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/arrested-90-protestors-in-myitkyina-03102021051831.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ