မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုတွေကြောင့် မုံရွာ ကလေး မြင်းခြံ ရန်ကုန် ပုသိမ် တောင်ကြီးတို့မှာ ၁၅ ဦးထက်မနည်း သေဆုံး

စက်သေနတ်တွေ လက်နက်ကြီးတွေသုံးခဲ့တဲ့ ကလေးမြို့တာဟန်းရပ်ကွက် သပိတ်စခန်း

မတ်လ ၂၈က စစ်ကိုင်းတိုင်းထဲက မုံရွာ နဲ့ ကလေးမြို့၊ မန္တလေးတိုင်း မြင်းခြံနဲ့ ရန်ကုန် ၊ပုသိမ်၊ တောင်ကြီးတို့မှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိထားပါတယ်။

မုံရွာမှာ ဒဏ်ရာရသူကို ကူနေတဲ့ သူနာပြုဆရာမတစ်ဦး အပါအဝင် ၅ ဦး၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ ဦးအပါအဝင် ၄ ဦး၊ မြင်းခြံမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ရန်ကုန်က တောင်ဒဂုံမှာ အမျိုးသမီးတစ်ဦး နဲ့လှိုင်မြို့နယ်က အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဘီဘီစီက သေဆုံးသူတွေကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ ပါတယ်။

ပုသိမ်မှာလည်း အခုညပိုင်းက ပစ်ခတ်မှုတွေရှိခဲ့ပြီးတော့ အမျိုးသားတစ်ဦးလည်ပင်း သေနတ်မှန် သေဆုံးခဲ့တယ်ကို ပုသိမ်ဒေသခံတွေဆီက သိရပါတယ်။

တနင်္ဂနွေနေ့ညနေပိုင်းက တောင်ကြီးမှာ သပိတ်စစ်ကြောင်းကို ပစ်ခတ်နှိမ်နင်းမှု ဖြစ်ခဲ့တဲ့အတွက် အသက် ၁၇ နှစ် အရွယ် မောင်ဝေယံမိုး ဆိုတဲ့ လူငယ်တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့က နိုင်ငံအဝန်း အာဏာသိမ်းစစ်‌ကောင်စီ တပ်တွေပစ်ခတ်မှုတွေကြောင့် လူ၁၀၀ ကျော်သေဆုံးခဲ့ပြီး မန္တလေးတစ်မြို့တည်းမှာတင် ၁၃ နှစ် အရွယ် မိန်းကလေး အပါအ၀င် လူ အယောက် ၄၀ အနည်းဆုံး သေဆုံးခဲ့ပြီး၊ ရန်ကုန်မှာ ၂၇ ယောက်ထက် မနည်းသေဆုံးတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုတွေကြောင့် မုံရွာ ကလေး မြင်းခြံ ရန်ကုန် ပုသိမ် တောင်ကြီးတို့မှာ ၁၅ ဦးထက်မနည်း သေဆုံး မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုတွေကြောင့် မုံရွာ ကလေး မြင်းခြံ ရန်ကုန် ပုသိမ် တောင်ကြီးတို့မှာ ၁၅ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 04:24 Rating: 5

No comments:

Powered by Blogger.