စစ်နှင့်ရဲတို့တင်းကြပ်နေသည့် မိုးညှင်းတွင် ပျောက်ကြားစနစ်ဖြင့် ဆိုင်ကယ်သပိတ် ပြုလုပ်။


မိုးညှင်း၊ မတ်(၁၂) 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စစ်နှင့်ရဲတပ်ဖွဲ့ယာဥ်များ မြို့တွင်းအနှံ့လုံခြုံရေးတင်းကြပ်လှည့်လည်နေသော်လည်း လူငယ်အချို့က အတားအဆီးများကြားက ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 
စစ်အာဏာသိမ်းကောင်စီဖက်မှ ရဲနှင့်စစ်သားအပြည့်တင်ဆောင်ကာ ရေကား(၂)စီး စစ်ကားရဲကား (၄)စီးဖြင့် ဆန္ဒပြလူစုနိုင်သည့် မြို့တွင်းသို့ လှည့်လည်ခဲ့သော်လည်း  ရသည့်နည်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ 

မိုးညှင်းမြို့တွင် ဖေဖော်ဝါရီလ (၈)ရက်နေ့မှ စတင်ပြီး စစ်အာဏာသိမ်းကောင်စီအား ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး သပိတ်စတင်လှုပ်ရှားခဲ့ရာ မတ်လ ၁၂ရက်နေ့အထိရောက်ရှိ သည့်တိုင်အောင် ဆန့်ကျင်ဆန္ဒထုတ်ဖော်နေဆဲဖြစ်ပြီး အဆိုပါဆန္ဒထုတ်ဖော်ပွဲအတွင်း အမျိုးသား (၃)ယောက်နှင့်အမျိုးသမီး(၂)ယောက် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။

Myitkyina News Journal



စစ်နှင့်ရဲတို့တင်းကြပ်နေသည့် မိုးညှင်းတွင် ပျောက်ကြားစနစ်ဖြင့် ဆိုင်ကယ်သပိတ် ပြုလုပ်။ စစ်နှင့်ရဲတို့တင်းကြပ်နေသည့် မိုးညှင်းတွင် ပျောက်ကြားစနစ်ဖြင့် ဆိုင်ကယ်သပိတ် ပြုလုပ်။ Reviewed by THITHTOOLWIN on 17:59 Rating: 5

No comments:

Powered by Blogger.