တိုက်ပွဲကြောင့် တိမ်းရှောင်သူအချို့ မိမိနေအိမ်သို့ပြန်



ယနေ့မနက်ပိုင်း မိုးကောင်းမြို့နယ် နန်ရှန်ကျေးရွာတွင် တိုက်ပွဲဖြစ်သည့်အတွက် ဒေသခံများက ဘုရားကျောင်းဝန်းအတွင်း တိမ်းရှောင်နေသူများသည် ပစ်ခတ်မှု ငြိမ်သွားသည့်အတွက် တစ်ချို့တစ်ဝက်နေအိမ်ပြန်ပြီး တစ်ချို့က မပြန်ဘဲ ဘုရားကျောင်းထဲမှာ ခိုလှုံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကားမိုင်ဗှူဟာကုန်းမှ နန့်ဟိုင်းရွာအနီး ဘွမ်ရှန်(Bum Sheng)တောင်တွင် လက်နက်ကြီးပစ်၍ ကျည်ဆံထိမှန်သူ ငါးဦးရှိကြောင်းသိရသည်။ 

ကျည်ထိမှန်သူငါးဦးမှာ မ(၄)ဦးနှင့်ကျား(၁)ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်းလည်း သိရသည်။

မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာအနီးတွင် ကေအိုင်အေ တပ်မဟာ၉အောက် တပ်ရင်း ၄၄နှင့် အာဏာသိမ်းတပ်မတော် တပ်မ ၃၃အောက် ခမရ ၁၂တို့ မနက်၃နာရီခန့်တွင် ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

တိုက်ပွဲကြောင့် တိမ်းရှောင်သူအချို့ မိမိနေအိမ်သို့ပြန် တိုက်ပွဲကြောင့် တိမ်းရှောင်သူအချို့ မိမိနေအိမ်သို့ပြန် Reviewed by THITHTOOLWIN on 18:05 Rating: 5

No comments:

Powered by Blogger.