ကျောက်ပန်းတောင်း ပစ်ခတ်မှု ဆန္ဒပြသူ ၃ ဦးသေဆုံး



Share/Bookmark

ကျောက်ပန်းတောင်းမြို့မှာ ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းရာက အသက် ၂၀ ကျော်အရွယ် ကျောင်းသား တစ်ဦးအပါအဝင် ဆန္ဒပြသမား ၃ ဦး အဲဒီနေရာမှာတင် သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မနက် ၁၀ နာရီ ၂၀ လောက်က ဘူတာရပ်ကွက်မှာ ထိုင်သပိတ်ဆင်နွှဲဖို့ ပြင်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တာလို့လည်း ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် AGTI အင်ဂျင်နီယာကျောင်းဆင်း ကိုဝင်းမျိုးဦးနဲ့ ဆန္ဒပြပွဲမှာ မပါဘဲ လမ်းမှာ ဆွမ်းချိုင့်လာပို့တဲ့ ဘုန်းကြီးကျောင်းသားတစ်ဦး ခေါင်းထိမှန် သေဆုံးခဲ့သလို အသက် ၄၀ ကျော်အရွယ် ဦးဝင်းဇော်က လည်ပင်းကျည်ထိခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို စစ်ကောင်စီ တပ်တွေက သယ်သွားပြီး ရုပ်အလောင်းပြန်ပေးဖို့ မိသားစုဝင်တွေက တောင်းပေမယ့် ပြန်မပေးဘူးလို့လည်း ဦးဝင်းဇော်ရဲ့ တူဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ကျောက်ပန်းတောင်းမြို့မှာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို လူ ၄၀ ကျော် အဖမ်းခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ