လူ့အခွင့်အရေး စုံစမ်းသူ ကုလ လူ့အခွင့်အရေးကာင်စီတွင် မိန့်ခွန်းပြောမည်


(၁၁-၃-၂၀၂၁)

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းသူ  Tom Andrews မကြာခင်မီနစ်ပိုင်းအတွင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအခြေအနေကို တင်ပြဆွေးနွေးဖု့ိရှိနေပါတယ်။

အစောပိုင်းထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်မှု၊ ကျည်အစစ်သုံးပြီး ပစ်ခတ်မှု၊ ဖမ်းဆီးမှုတွေအတွက် ဓာတ်ပုံ၊ ဗွီဒီယို အထောက်အထား အပြည့်အစုံရထားတယ်။ ပြစ်မှုကျုးလွန်သူတွေကို ခုရုံးတင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ Tom Andrews ကပြောဆိုထားပါတယ်။

မနေ့က နယူးယောက်ရှိ ကုလ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးပြီးတဲ့နောက် ဒီနေ့ ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးကို ဆက်တိုက်ဆွေးနွေးလာတာ ဖြစ်ပါတယ်။

မနေ့က လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အချိန်အထိ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၆၀ ကျော်ရှိနေပြီး ဒီနေ့ (ကြာသပတေး) မှာလည်း နောက်ထပ် သေ ဆုံးသူ ၁၀ ကျော်အထိ ရှိခဲ့တယ်လို့ သိထားရပါတယ်။     


Burma News Network

https://www.facebook.com/burmanewsnetwork

လူ့အခွင့်အရေး စုံစမ်းသူ ကုလ လူ့အခွင့်အရေးကာင်စီတွင် မိန့်ခွန်းပြောမည် လူ့အခွင့်အရေး စုံစမ်းသူ ကုလ လူ့အခွင့်အရေးကာင်စီတွင် မိန့်ခွန်းပြောမည် Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.