ဖခင်ရင်ခွင်ထဲက ကလေးသေဆုံးရမှု မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ်စရိုက်ကိုဖော်ပြ (ကန်နိုင်ငံခြားရေးရုံး ကြေညာချက်)



Share/Bookmark
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price

ကလေးငယ်တွေ အပါအဝင် ပြည်သူတွေကို မြန်မာစစ်တပ်က သတ်ဖြတ်နေတာ အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရုတ်ချကြောင်း မတ်လ ၂၅ ရက် ကြာသပတေးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကလေးငယ်အများအပြား အပါအဝင် ပြည်သူ ၂၇ ယောက် ထက်မနည်း သေဆုံးခဲ့ရတဲ့ အထိ လုံခြုံရေးတပ်တွေက မြန်မာပြည်သူတွေ အပေါ်ဆက်ပြီး အင်အားသုံး ဖြိုခွဲနေတဲ့ သတင်းတွေကြောင့် အမေရိကန်ပြည်ထောင်စုက တုန်လှုပ်အံ့သြခဲ့ရသလို အလွန်စိတ်မကောင်း ဖြစ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ်တွေ အပေါ်အခုလို ကျူးလွန်မှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရက်စက်တဲ့လုပ်ရပ်တွေ ဖြစ်ကြောင်း၊ ကိုယ်နေတဲ့အိမ်ထဲမှာ ကိုယ့်ဖခင်ပေါင်ပေါ်မှာ ထိုင်နေတဲ့ အသက် ၇ နှစ် ပဲရှိသေးတဲ့ ကလေးငယ်ကို ပစ်သတ်ခဲ့တဲ့ လုပ်ရပ်မျိုးကိုကြည့်ရင် မြန်မာစစ်အာဏာရှင်ရဲ့ သူ့ပြည်သူအပေါ်တောင် သူကျူးလွန်ရဲတဲ့ ရက်စက်တဲ့သဘောထားကို ပြသနေသလို မြန်မာပြည်သူတွေရဲ့ အသက်ကိုလုံးဝ လျစ်လျူရှုထားတယ် ဆိုတာကိုပါ ပြသနေတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာလုံခြုံရေးတပ်တွေရဲ့ ဒီလုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံးရှုတ်ချကြောင်းနဲ့ ထိခိုက်ခံစားခဲ့ရသူ အားလုံးရဲ့ မိသားစုတွေ၊ ချစ်ခင်ရသူတွေအတွက်လည်း အလွန့်အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း ပြောပါတယ်။ ဒါ့အပြင် အာဏာရှင် အနေနဲ့ အကြောက်တရားနဲ့ မအုပ်ချုပ်နိုင်ကြောင်းလည်း အမေရိကန်အစိုးရက သတိပေးထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-killing-7-years-old-girl-at-her-house-us-condemn-/5828767.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ