အတိုင်ပင်ခံနဲ့ သမ္မတ လွှတ်ပေးဖို့ တောင်းဆိုတဲ့ လန်ဒန်က မြန်မာသံအမတ် ပြန်ခေါ်

လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်း

အတိုင်ပင်ခံနဲ့ သမ္မတကြီးကို လွှတ်ပေးဖို့ လန်ဒန်က မြန်မာသံအမတ်ကြီးတောင်းဆိုပြီးနောက်တစ်နေ့မှာပဲ လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်း ကို နိုင်ငံခြားရေးဝန်ကြီးဌာန ကပြန်လည်ခေါ်ယူလိုက်ပါတယ်။

ဦးကျော်စွာမင်းဟာ ပေးအပ်ထားတဲ့ တာဝန်နဲ့ ဝတ္တရားတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို မတ်လ ၉ ရက်နေ့စွဲနဲ့ ပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ည ၈ နာရီ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကကြေညာသွားပါတယ်။

လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို မတ်လ ၈ရက် နေ့က တောင်းဆို ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်၊ ဓနသဟာရရုံး၀န်ကြီး နိုင်ဂျဲအဒမ်စ်တို့နဲ့ သံအမတ်ကြီး ဦးကျော်စွာမင်း မတ်လ ၈ ရက်၊ မနေ့၊ တနင်္လာနေ့က တွေ့ဆုံ ခဲ့ပြီးတဲ့နောက်၊ လန်ဒန်မြို့ မြန်မာသံရုံးကနေ သံအမတ်ကြီး လက်မှတ်နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

၂၀၁၄ မတ်လကတည်းက ဗြိတိန်ဘုရင်မကြီးထံ ဦးကျော်စွာမင်းဟာမြန်မာပြည်ရဲ့ သံအမတ် ဖြစ်ကြောင်း စာလွှာပေးအပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဲဒီရာထူးနေရာမှာ ဆက်လက် ခန့်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

ဦးကျော်စွာမင်းက ခုလို ကြေညာချက် ထုတ်လာတဲ့ အပေါ်ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က အင်မတန် သတ္တိရှိတဲ့ လုပ်ရပ်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိတဲ့ လုပ်ရပ် ဆိုပြီး ချီးကျူး ပြောဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

အတိုင်ပင်ခံနဲ့ သမ္မတ လွှတ်ပေးဖို့ တောင်းဆိုတဲ့ လန်ဒန်က မြန်မာသံအမတ် ပြန်ခေါ်  အတိုင်ပင်ခံနဲ့ သမ္မတ လွှတ်ပေးဖို့ တောင်းဆိုတဲ့ လန်ဒန်က မြန်မာသံအမတ် ပြန်ခေါ် Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.