မတ် ၁၄-၂၀၂၁
ပဲခူးတိုင်း ပဲခူးမြို့နယ်မှာ ဒီနေ့ မတ်လ ၁၄ ရက် မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ ရပ်ကွက်ထဲ အဝတ်လှည့်လျှော်တဲ့ အမျိုးသမီးကြီးတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေဆီက သိရပါတယ်။
"မနက် ၁၁ နာရီလောက်က စိုက်သိပ္ပံကျောင်းဆင်း ညီလေးတစ်ဦးသေဆုံးသွားသလို အခုမွန်းလွဲပိုင်းမှာ အခုအမျိုးသမီးကြီး ထပ်မံသေဆုံးတာပါ။ ကျည်ဆန်က လည်ပင်းကို ထိမှန်သေဆုံးသွားတာကို မြောင်းထဲဆွဲချခဲ့ပုံရပါတယ်" လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပြပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း စိုက်သိပ္ပံကျောင်းဆင်း အသက်၂၀ ကျော်လူငယ်တစ်ဦး သေဆုံးခဲ့ပြီး အခု သေဆုံးသူ အမျိုးသမီးကြီးက ဒုတိယမြောက်သေဆုံးသူဖြစ်ပါတယ်။
ပဲခူးမြို့ပေါ်မှာ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီနေ့ မတ် ၁၄ ရက်အထိ လူ ၅ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

No comments:
Post a Comment