မြန်မာ အာဏာ လွှဲပြောင်း ရယူမှုမှာ ပါဝင်သူ ၁၁ ဦးကို ဥရောပသမဂ္ဂ က အရေးယူမယ်လို့ ဆို

သတင်း/ဓာတ်ပုံ - Reuters 

ဘရပ်ဆဲလ်၊ မတ် ၂၂၊ ၂၀၂၁

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာ လွှဲပြောင်းရယူမှုနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ၁၁ ဦးကို ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ EU နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဂျော့စ် ဘိုရဲလ်က ပြောကြားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ 

“မြန်မာနိုင်ငံက အာဏာသိမ်းမှုမှာ ပါဝင်သူ ၁၁ ယောက်နဲ့ ဆန္ဒပြ သူတွေကို အကြမ်းဖက် နှိမ်နင်းသူတွေကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်တော့မယ်”လို့ ဘိုရဲလ်က ပြောကြားပါတယ်။

မတ်လ ၈ ရက်နေ့မှာ EU အနေနဲ့ အစီအစဉ်တွေကို ပြင်ဆင်နေ တယ်လို့ ပြောကြားခဲ့ပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို တရားဝင် ဆုံးဖြတ်ပြီးတာနဲ့ အရေးယူမယ့် ပုဂ္ဂိုလ် တစ်ဦးချင်း အမည်ကို လူသိရှင်ကြား ထုတ်ပြန်မယ်လို့လည်း Reuters က ဆက်လက် ဖော်ပြပါတယ်။


သတင်း/ဓာတ်ပုံ - Reuters 

ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews


မြန်မာ အာဏာ လွှဲပြောင်း ရယူမှုမှာ ပါဝင်သူ ၁၁ ဦးကို ဥရောပသမဂ္ဂ က အရေးယူမယ်လို့ ဆို  မြန်မာ အာဏာ လွှဲပြောင်း ရယူမှုမှာ ပါဝင်သူ ၁၁ ဦးကို ဥရောပသမဂ္ဂ က အရေးယူမယ်လို့ ဆို Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.