ရှမ်း၊ကယားနယ်စပ် ဆောင်ကန်းကျေးရွာတွေဘက်မှာ ရဲနဲ့စစ်တပ်ရဲ့ တစ်အိမ်တက်တစ်ဝင်ရောက်စီးနှင်းမှုခံနေရ

မတ်လ ၁၇ ရက်နေ့ ရှမ်းကယားနယ်စပ် ဆောင်ကန်းကျေးရွာတွေဘက်မှာ ရဲနဲ့စစ်တပ်ကနေပြီး ၎င်းတို့လူကိုဝင်ရှာမယ်ဆိုပြီး အနီးအနားကျေးရွာတွေအားလုံး တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရှာနေတယ်လို့ ဒေသခံတွေဆီကနေကြားသိရပါတယ်။ 

လူထုတွေက  ရွာထဲအဝင်မခံသောကြောင့် ဒေသခံလူထုနှင့် ရဲ၊ စစ်သားများအခြေအနေတင်းမှာလျှက်ရှိတယ်လို့ကြသိရပါတယ်။ 

လာရောက် ဝန်းရံကြတဲ့ ပီကင်းကောခူ၊ဝါရီကောခူ ၊ လယ်ထွန်၊ဖာလိုင်တောင်ခြေ ရွာသားတွေကို မျက်ရည်ယိုဗုံးဖြင့်ဖြိုခွင်းခံရခဲ့ရတယ်လို့ သိရပါတယ်။

၎င်းတို့ရဲ့ စစ်သားနဲ့ရဲကို လိုက်ရှာသည်ဟုဆိုကာ ရှမ်း၊ ကယားနယ်စပ်ရှိ ဖာလိုင်တောင်ခြေရွာအတွင်း တအိမ်တက်တအိမ်ဆင်း လိုက်လံရှာဖွေခဲ့ကြတာပါ။ 

မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ  လယ်ထွန်ကျေးရွာရှိ စာသင်ကျောင်းတံခါးတွေ ရိုက်ချိုးကြပြီး စစ်သားတွေကနေ ဝင်ရောက်တပ်စွဲထားသလို ဖာလိုင်တောင်ခြေရွာရှိ ဘုရားကျောင်းတွင်လည်း တပ်စွဲထားကြပါတယ်။ 

စစ်တပ်နဲ့ ရဲ အင်အား ခန့်မှန်း ၂၀၀ ဝန်းကျင်ခန့် ဆောင်ကန်း ရွာတွေမှာ တပ်စွဲထားကြတယ်လို့ သိရာတယ်။ 

ဒေသခံလူထုတွေ ဆွဲခံရမှာကြောက်ပြီး တချို့ထွက်ပြေးိတမ်းရှောင်နေကြပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

ရှမ်း၊ကယားနယ်စပ် ဆောင်ကန်းကျေးရွာတွေဘက်မှာ ရဲနဲ့စစ်တပ်ရဲ့ တစ်အိမ်တက်တစ်ဝင်ရောက်စီးနှင်းမှုခံနေရ ရှမ်း၊ကယားနယ်စပ် ဆောင်ကန်းကျေးရွာတွေဘက်မှာ ရဲနဲ့စစ်တပ်ရဲ့ တစ်အိမ်တက်တစ်ဝင်ရောက်စီးနှင်းမှုခံနေရ Reviewed by THITHTOOLWIN on 07:04 Rating: 5

No comments:

Powered by Blogger.