ဗန်း​မော်မြို့ သပိတ်တွင် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်ကွယ်လွန်



31 March 2021 - Manmaw

ဗန်း​မော်မြို့သပိတ်တွင် ပါ၀င်ဆန္ဒပြ​နေချိန် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်​လေး ကိုမျိုးသန့်ကျော် ကွယ်လွန်သွားပြီး ဖြစ်​ကြောင်း သတင်းရရှိသည်။ 

မတ်လ(၂၇)၊ ၂၀၂၁ ခုနှစ်နေ့၌ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို စစ်​ကောင်စီတပ်များမှ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိဒဏ်ရာရရှိထားသူဖြစ်ပါသည်။ 

မတ် ၂၇ ရက်​နေ့တွင် စစ်​ကောင်စီ၏ လုံခြုံ​ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှု​ကြောင့် ဗန်း​မော်မြို့သပိတ်တွင် က​လေးနှစ်​ယောက်၏မိခင် မ​ရွှေမြင့်လည်း ရင်ဘတ်ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရသည်။ 

​နွေဦး​တော်လှန်​ရေးတိုက်ပွဲတွင် ဗန်း​မော်တွင် ကျဆုံးသွားသူ သူရဲ​ကောင်း နှစ်​ဦရှိပြီဖြစ်ပြီး ကချင်ပြည်နယ်တွင် ၁၀ဦးထိရှိလာပြီဖြစ်သည်။ 


Kachinwaves

https://www.facebook.com/kachinwavesnews

ဗန်း​မော်မြို့ သပိတ်တွင် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်ကွယ်လွန် ဗန်း​မော်မြို့ သပိတ်တွင် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်ကွယ်လွန် Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.