မြန်မာက ကုန်ပစ္စည်းတွေ မှာယူဖို့ အီတလီဖက်ရှင်ကုမ္ပဏီကြီး ဆိုင်းငံ့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးမြင့်လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံကနေ ကုန်ပစ္စည်းအသစ်တွေ မှာယူမှုကို ချက်ချင်း ဆိုင်းငံ့လိုက်ပြီလို့ အီတလီ နာမည်ကျော် ဖက်ရှင် ကုမ္ပဏီကြီးဖြစ်တဲ့ ဘန်းနတန် (Benetton) အုပ်စုက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

အခုလိုမျိုး အခြေအနေဟာ လုံခြုံရေး၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတို့ကို ချိုးဖောက်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့အနေနဲ့ ကုန်ပစ္စည်းအသစ်တွေ မှာယူမှုကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြန်မာက ကုန်ပစ္စည်းတွေ မှာယူဖို့ အီတလီဖက်ရှင်ကုမ္ပဏီကြီး ဆိုင်းငံ့ မြန်မာက ကုန်ပစ္စည်းတွေ မှာယူဖို့ အီတလီဖက်ရှင်ကုမ္ပဏီကြီး ဆိုင်းငံ့ Reviewed by THITHTOOLWIN on 07:48 Rating: 5

No comments:

Powered by Blogger.