လန်ဒန်စစ်သံရုံးရှေ့ ဆန္ဒပြ



လန်ဒန်မြို့ ဝင်ဘယ်လ်တန်မှာရှိတဲ့ မြန်မာစစ်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်နဲ့ တာဝန်ရှိသူတွေကို စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ယူကေကမြန်မာတွေ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်သံရုံးက တာဝန်ရှိသူ ထွက်လာပြီး စာပေးစရာရှိရင် ပေးခဲ့နိုင်တယ်လို့ ပြောဆိုခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေက ဆန္ဒပြဖို့နဲ့ ပန်းစည်းချဖို့အတွက် သွားရောက်ခဲ့ကြတာဖြစ်လို့ စာပေးခဲ့တာ မရှိခဲ့ဘူးလို့ သွားရောက်ခဲ့သူတချို့ဆီက သိရပါတယ်။

ဒီကနေ့ သွားရောက် ဆန္ဒပြတာဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းတဲ့ ပန်းစည်းချ၊ အလေးပြု၊ ဆုတောင်းတဲ့ အစီအစဥ် ဖြစ်တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

လန်ဒန်စစ်သံရုံးရှေ့ ဆန္ဒပြ  လန်ဒန်စစ်သံရုံးရှေ့ ဆန္ဒပြ Reviewed by THITHTOOLWIN on 08:30 Rating: 5

No comments:

Powered by Blogger.