ဖားကန့်တွင် ဓါးထိုးရာများနှင့် အမျိုးသားတစ်ဦးသေဆုံး

သတင်း၊ဓါတ်ပုံ - နှောင်ရိုး

ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊ဆိုင်းအောင်ကျေးရွာမှ အမျိုးသားတစ်ဦး ယနေ့မတ်လ ၁၉ ရက်နေ့တွင် ထိုးသွင်းဒဏ်ရာ ၁၁ ချက်ရရှိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးစိုးဝင်းညွန့်(၅၀)နှစ်၊ဆိုင်းအောင်ကျေးရွာ ရပ်ကွက် ၃ တွင်နေထိုင်ကြောင်းသိရပြီး၊၎င်း၏ ယာဘက်ရင်အုံ၊ရင်အုံအလည်နှင့် ရင်ညွန့်တွင် စုစုပေါင်းထိုးသွင်းဒဏ်ရာ ၁၁ ချက်တို့ ရရှိကာ နေအိမ်အဝင်တံခါးဘေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ထို့ပြင် သေဆုံးသူ ဦးစိုးဝင်းညွန့်၏ အလောင်း၏ဘေးတွင် အရှည် ၄ပေခန့်၊လုံးပတ် ၁လက်မခန့်ရှိ သွေးပေးနေသော ဝါးလုံးတစ်လုံး၊နေအိမ်အတွင်းမှ ၎င်းအားသေဆုံးအောင်ထိုးသွင်းသည်ဟု ယူဆရသော အရှည် ၇ လက်မရှိ ဓါးဦးချွန်တစ်ချောင်းတို့အား စစ်ဆေးတွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပြီး၊သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ဆောင်ရွက်နေရန် စီစဥ်နေကြောင်း သိရသည်။

ဖားကန့်ဒေသသည် တရားဥပဒေစိုးမိုးမှုနည်းပါးသည့်ဒေသဖြစ်ကြောင်း၊ ၂၀၂၀ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့မှ သတင်းမီဒီယာများအရှေ့တွင် ပြောကြားထားရှိသည်။


Kachin News Group

https://www.facebook.com/theKachinNews

ဖားကန့်တွင် ဓါးထိုးရာများနှင့် အမျိုးသားတစ်ဦးသေဆုံး ဖားကန့်တွင် ဓါးထိုးရာများနှင့် အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:30 Rating: 5

No comments:

Powered by Blogger.