ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်သွားသည့် အီတူးထာ စစ်ရှောင် ၂၀၀၀ကျော်အား နေရပ်ပြန်ပို့







မတ်လ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

လေကြောင်းရန်ကြောင့် ယမန်နေ့( မတ်လ ၂၈ရက်) မွန်းလွဲပိုင်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောင်ခိုလှုံခဲ့ကြသည့် အီတူးထာဒေသခံ ၂၀၀၉ ဦးအား ယနေ့ညနေ ၅နာရီခွဲအချိန်တွင် ထိုင်းအာဏာပိုင်းများမှ နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု ဒေသသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။ 

အဆိုပါ နေရပ်ပြန်ကြသည့် အီတူးထာဒေသခံစစ်ရှောင်များသည် ၎င်းတို့နေအိမ်တွင် ပြန်နေထိုင်၍မရဲသည့်အတွက် လက်ရှိအချိန်တွင် နီးစပ်ရာတောတောင်များတွင် သွားရောက်ပုန်းအောင်းနေကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မည့်သတင်းကြောင့် မယ်နုထာ၊ ဟိုကေ၊ အီတူထားစသည့် စစ်ရှောင်ပြည်သူများ ခိုလှုံကြသည့် ကျေးရွာများမှ ဒေသခံများနှင့် သံလွင်မြစ်နံဘေးတစ်လျှောက်ရှိ ဒေသခံ ၃၀၀၀ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ထားခဲ့သည်။


KIC - ကရင်သတင်းစဉ်

https://www.facebook.com/KICNewsPage

ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်သွားသည့် အီတူးထာ စစ်ရှောင် ၂၀၀၀ကျော်အား နေရပ်ပြန်ပို့ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်သွားသည့် အီတူးထာ စစ်ရှောင် ၂၀၀၀ကျော်အား နေရပ်ပြန်ပို့ Reviewed by THITHTOOLWIN on 02:17 Rating: 5

No comments:

Powered by Blogger.