စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ ဝင်တိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်


ဒေါ့ဖုန်းယန်မြို့နယ်က အလောဘွမ် (Alaw Bum) ရှိ  အာဏာသိမ်းစစ် ကောင်စီ တပ်စခန်း တစ်ခုအား ကေအိုင်အေက ညနေ ငါးနာရီခန့်က ဝင်တိုက်ခဲ့ပြီး   လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

“အခုထိတော့လက်နက်ကြီးတွေနဲ့ပစ်နေကြတုန်းပဲ။ အောက်ခြေမှာဖြစ်နေတဲ့အသေးစိတ်ကိုတော့  သတင်းမရသေးဘူး။”ဟု ကေအိုင်အေ ပြောရေးဆိုခွင့်ရှိပုဂိုလ် ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

​မတ်လ ၂၂ ရက်နေ့စပြီး အာဏသိမ်းစစ်ကောင်စီတပ်က  ကေအိုင်တပ် စခန်းရှိရာသို့လက်နက်ကြီးများပစ်ခြင်း၊ ဆဒုံးဘက်ရှိ ကေအိုင်အေ စခန်းများကိုလည်း အာဏသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ပစ်သည့် အတွက် ကေအိုင်အေစခန်းအနီး၊ စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ကျကြောင်းလည်း ဆိုသည်။

“တရုတ်ပြည်ကိုတောင် လက်နက်ကြီး ၂ လုံးကျတယ်။ အခုလည်း လိုင်ဇာနဲ့ မိုင်ဂျာယန် ကြားတွေမှာ ဝင်ပြီး လမ်းကြောင်းဖြတ်ပေးလိုက်မှာ စိုးရိမ်တဲ့အတွက် အလော်ဘွမ်ဘက်မှာ တိုက်ပွဲဖြစ်တာ။”ဟု ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။ 

ထိုအာဏာသိမ်းတပ်စခန်းကို ကေအိုင်အေမှ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

ကေ​အိုင်​အေ တပ်မဟာ ၅ ​အောက် တပ်ရင်း ၃၀ က သွား​ရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ 

လက်ရှိအချိန်ထိ  hpun pyen bum ဘက်မှ လက်နက်ကြီးဖြင့်ပစ်နေသည့်အတွက် ကေအိုင်အေဌာနချုပ် လိုင်ဇာမှ လက်နက်ကြီးသံတွေ ကြားနေရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ကေအိုင်အေနှင့် စစ်အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ ဝင်တိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ် စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ ဝင်တိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ် Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.