အရပ်သားတွေအပေါ် အင်အားမသုံးဖို့ မြန်မာစစ်ခေါင်းကို စင်္ကာပူ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ စင်္ကာပူကာကွယ်ရေး ဝန်ကြီး Melvyn Ong တက်ရောက်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ စင်္ကာပူကာကွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်တဲ့ ကြာသပတေးနေ့ အွန်လိုင်း အစည်းအဝေးမှာ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Melvyn Ong က မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ပြောဆိုလိုက်တာပါ။

လက်နက်မဲ့ အရပ်သားတွေအပေါ် သေကျေလောက်တဲ့အထိ အင်အားမသုံးဖို့နဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်း လိုက်ကြောင်းလည်း စင်္ကာပူ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-singapore-on-current-situation-/5820096.html

အရပ်သားတွေအပေါ် အင်အားမသုံးဖို့ မြန်မာစစ်ခေါင်းကို စင်္ကာပူ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း အရပ်သားတွေအပေါ် အင်အားမသုံးဖို့ မြန်မာစစ်ခေါင်းကို စင်္ကာပူ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း Reviewed by THITHTOOLWIN on 05:46 Rating: 5

No comments:

Powered by Blogger.