မြန်မာစစ်တပ် ဆင်ခြင်တုံတရားကင်းမဲ့စွာ လူသတ်မှုတွေ ကျူးလွန်နေတယ် (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး)

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတွေက အရပ်သား ပြည်သူတွေ အပေါ် မျက်ကန်းလို ရမ်းပြီး သတ်ဖြတ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က စနေနေ့မှာ အသက်သိပ်ငယ်တဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၀၀ ကျော် ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်တာမျိုး ဖြစ်ပြီး ဘာကိုမှ မမြင်တော့ပဲ လူသတ်အကြမ်းဖက်မှုကို ကျူးလွန်လိုက်တာ ဖြစ်ကြောင်းပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ သတ်ဖြတ်မှု သံသရာကို အဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံတောင်းဆိုလိုက်ပါတယ်။

စနေနေ့ တရက်တည်းမှာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြပြည်သူ ၁၀၀ ကျော် ရှိနေပြီဖြစ်ပြီး မြန်မာစစ်တပ် ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး အခုချိန်အထိ အရပ်သား ပြည်သူ ၅၁၀ ကျော်ဟာ စစ်တပ်နဲ့ ရဲတွေရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-reaction-french-fm-comment-/5833412.html 

မြန်မာစစ်တပ် ဆင်ခြင်တုံတရားကင်းမဲ့စွာ လူသတ်မှုတွေ ကျူးလွန်နေတယ် (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး) မြန်မာစစ်တပ် ဆင်ခြင်တုံတရားကင်းမဲ့စွာ လူသတ်မှုတွေ ကျူးလွန်နေတယ် (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး) Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.