ပုဂ္ဂလိကဘဏ်တွေဖွင့်ဖို့ ဖိအားပေးခံရပေမယ့် ပြန်ဖွင့်ဖို့ခက်ခဲ

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး မြန်မာ့ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြနေသူများ။ February 16, 2021. (Photo by YE AUNG THU / AFP)

မြန်မာနိုင်ငံမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုလုပ်နေကြတဲ့ ပုဂ္ဂလိကပိုင်ဘဏ်တွေကို နက်ဖြန် မတ်လ ၈ ရက်နေ့မှာ ပြန်ဖွင့်ဖို့ အာဏာပိုင်တွေက ပြောထားပေမဲ့ ဖွင့်ဖို့ အခက်အခဲရှိနေတယ်လို့ ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။

ဘဏ်ဝန်ထမ်းတော်တော်များများ CDM မှာပါဝင်နေကြသလို လုံခြုံရေးနဲ့ သွားရေးလာရေး အခက်အခဲတွေကြောင့် ဘဏ်တွေ ပြန်ဖွင့်ဖို့ ခက်တယ်လို့ ပြောကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများအပြား CDM လှုပ်ရှားမှုတွေ လုပ်နေကြတာကြောင့် ဘဏ်လုပ်ငန်းတွေ အတော်လေး ထိခိုက်နေတာပါ။ နိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်ဖို့၊ ပုဂ္ဂလိကဘဏ်ကြီးတွေကို လုံခြံုရေးဆောင်ရွက်ပေးဖို့နဲ့ ဘဏ်တွေပြန်မဖွင့်ရင် အရေးယူဆောင်ရွက်သွားဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့အကြောင်း ဗဟိုဘဏ်က မတ်လ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ မတ်လ ၈ ရက်နေ့က စပြီး ပြည်နယ်နဲ့ တိုင်း ဒေသကြီးအလိုက် လိုအပ်ရင် လုံခြုံရေးယူပြီး ဘဏ်ခွဲတွေကို ဖွင့်လှစ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်ပြီး အရပ်သားအစိုးလက်ကနေ အာဏာသိမ်းယူ အုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့အနေနဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစု CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/military-coup-bank-private-banks-cdm-/5804916.html

ပုဂ္ဂလိကဘဏ်တွေဖွင့်ဖို့ ဖိအားပေးခံရပေမယ့် ပြန်ဖွင့်ဖို့ခက်ခဲ ပုဂ္ဂလိကဘဏ်တွေဖွင့်ဖို့ ဖိအားပေးခံရပေမယ့် ပြန်ဖွင့်ဖို့ခက်ခဲ Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.