ရုံးတက်ဖို့ ဖိအားပေးလို့ ဧရာဝတီတိုင်း ပညာရေး ဝန်ထမ်း ၄၀ ခန့် နုတ်ထွက်စာတင်


ပုသိမ်၊ မတ် ၂၂၊ ၂၀၂၁

ဧရာဝတီတိုင်း ပညာရေးမှူးရုံးက ဆရာ၊ ဆရာမတွေအပါအဝင် ဝန်ထမ်း ၄၀ ခန့်ဟာ တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့လို့ ဆိုပြီး မတ်လ ၂၂ ရက် ရက်စွဲနဲ့ နုတ်ထွက်စာ တင်ကြကြောင်း သိရပါတယ်။

မတ်လ ၂၂ ရက် နောက်ဆုံးထားပြီး ရုံးနဲ့ ပညာရေး သင်တန်းတွေ တက်ဖို့ ဖိအားပေးလာတာကြောင့် အခုလို နုတ်ထွက်တာလို့ ပညာရေးရုံး ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

CDM လုပ်နေတဲ့သူတွေ နုတ်ထွက်စာ တင်ကြတာဖြစ်ပြီး ရုံး မဖြစ် မနေ ပြန်တက်ဖို့နဲ့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး ပြုလုပ် အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။

နုတ်ထွက်စာတင်ခဲ့တဲ့ တိုင်းပညာရေးမှူးရုံးက ဝန်ထမ်း ၄၀ ခန့်မှာ ဦးစီးမှူး၊ လက်ထောက် ဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်း စာရေး စတဲ့ ရာထူး တာဝန်ယူထားရတဲ့ ဝန်ထမ်းတွေ ပါဝင်တယ် လို့လည်း သိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ရုံးတက်ဖို့ ဖိအားပေးလို့ ဧရာဝတီတိုင်း ပညာရေး ဝန်ထမ်း ၄၀ ခန့် နုတ်ထွက်စာတင် ရုံးတက်ဖို့ ဖိအားပေးလို့ ဧရာဝတီတိုင်း ပညာရေး ဝန်ထမ်း ၄၀ ခန့် နုတ်ထွက်စာတင် Reviewed by THITHTOOLWIN on 10:21 Rating: 5

No comments:

Powered by Blogger.