မအူပင်မြို့ပေါ်က ပရဟိတဖောင်ဒေးရှင်းတစ်ခု ဝင်ရောက်စီးနင်းခံရ

၀င်ရောက်ရှာဖွေခံခဲ့ရတဲ့ အဖွဲ့ထူထောင်သူရဲ့အိမ်

မအူပင်မြို့ပေါ်မှာရှိတဲ့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းကို စစ်သားနဲ့ရဲ ၄၀ နီးပါးက မနေ့ မတ်လ ၁၈ ရက်ညမှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပြီး ဖောင်ဒေးရှင်း ထူထောင်သူရဲ့အိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့တယ်လိ့ု ဒီဖြစ်စဉ်နဲ့နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ ထူထောင်သူဟာ အစောပိုင်းကတည်းက တိမ်းရှောင်နေတာကြောင့် အဖမ်းအဆီးတော့ မရှိခဲ့ဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မအူပင်မှာ ပရဟိတအဖွဲ့တွေကို ဦးဆောင်နေသူတချို့ ဖမ်းဆီးခံရပြီး သူတို့ထဲက ၂ ဦးဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ရင်ဆိုင်နေရပါတယ်။

ဆန္ဒပြသူတွေကို အင်သားသုံးနှိမ်နင်းနေတဲ့စစ်သားနဲ့ရဲတွေ၊ သူတို့မိသားစုဝင်တွေရဲ့ နာရေးကို လိုက်ပါကူညီတော့မှာမဟုတ်ဘူးလို့ မအူပင်ပရဟိတအဖွဲ့ ၁၅ ဖွဲ့ကျော်က စာထုတ်ပြန်ခဲ့အပြီးမှာ ဖမ်းဆီးရှာဖွေမှုတွေ ခပ်စိတ်စိပ်ဖြစ်လာတာပါ။

ဒါ့ပြင် ပြီးခဲ့တဲ့ရက်တွေအတွင်း မြို့ပေါ်ရပ်ကွက်တချို့မှာ ရဲနဲ့စစ်သားတွေက ညအချိန် ဧည့်စာရင်းစစ်မယ်ဆိုပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာမျိုးရှိသလို လူငယ်တစ်ချို့ကို ဖမ်းဆီးမှုတွေလည်းရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မအူပင်မြို့ပေါ်က ပရဟိတဖောင်ဒေးရှင်းတစ်ခု ဝင်ရောက်စီးနင်းခံရ  မအူပင်မြို့ပေါ်က ပရဟိတဖောင်ဒေးရှင်းတစ်ခု ဝင်ရောက်စီးနင်းခံရ Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.