စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေဖို့ "ဝ" စစ်တပ်ကို လူငယ်တွေတောင်းဆို

စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေဖို့ "ဝ" စစ်တပ်ကို လူငယ်တွေတောင်းဆို ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA / Photo- Reuters

မြန်မာစစ်တပ်က ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာကို ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA အနေနဲ့ နှုတ်ဆိတ်ကြည့်မနေဘဲ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ ဝ ပြည်နယ်က လူငယ်တွေကတောင်းဆိုလိုက်ပါတယ်။

ဝ လူငယ်ကျောင်းသားတွေ၊ အမျိုးသမီးအဖွဲ့တွေ အပါအဝင် အဖွဲ့ ၁၀ ဖွဲ့က UWSA စစ်ဦးစီးချုပ် ဦးပေါက်ယူချန်းဆီကို ဒီနေ့ စာရေးသားပေးပို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှု အာဏာသိမ်းမှုအပေါ် နှုတ်ဆိတ်မနေဖို့၊ မတရားဖမ်းခံထားရတဲ့ ဝ လူမျိုးတွေ အပါအဝင် တခြားတိုင်းရင်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးဖို့၊ စစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူတွေနဲ့အတူ UWSA က ရပ်တည်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီရေးမှာ UWSA ရဲ့ ရည်တည်ပါဝင်မှုကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ထိုးမထားတဲ့ "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အား အတောင့်တင်းဆုံးဖြစ်ပြီး စစ်ပညာသင်ကြားပေးတဲ့ ကိုယ်ပိုင်ဗိုလ်လောင်း သင်တန်းကျောင်းလည်း ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/wa-youth-statement-military-coup-myanmar-03252021113049.html

စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေဖို့ "ဝ" စစ်တပ်ကို လူငယ်တွေတောင်းဆို  စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေဖို့ "ဝ" စစ်တပ်ကို လူငယ်တွေတောင်းဆို Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.