စိန်ပန်းသပိတ် အကြမ်းဖက်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၄ ဦးရှိပြီ





မန္တလေး မတ် ၁၃

မန္တလေးမြို့ စိန်ပန်းရပ်ရှိ ထိုင်သပိတ် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရမှုကြောင့် သေဆုံးသူလေးယောက်ရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး အယောက် ၂၀  နဲ့အထက်ရှိတယ်လို့ သိရပါတယ်။

အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ဦးဝင်းဌေးဆိုသူရဲ့ ရုပ်အလောင်းပိုင်ရှင်နဲ့ ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်။ 

သေဆုံးသူတွေဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ဗိုက်ပေါက်၊ ခါးထိ၊ ချိုင်းအောက်ကတစ်ဆင့် သေနတ်မှန်တာတွေကြောင့် သေဆုံးခဲ့တာပါ။

သေနတ်ပစ်ခတ်မှုတွေဟာ နာရီနဲ့ချီကြာခဲ့ပြီး တရစပ်ပစ်ခတ်တာကြောင့် ကူညီကယ်ဆယ်ရေးတွေဝင်ရခက်တဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။ 

ဒဏ်ရာရသူအများအပြားရှိခဲ့သလို ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စိန်ပန်းသပိတ် အကြမ်းဖက်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၄ ဦးရှိပြီ စိန်ပန်းသပိတ် အကြမ်းဖက်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၄ ဦးရှိပြီ Reviewed by THITHTOOLWIN on 09:22 Rating: 5

No comments:

Powered by Blogger.