အခွန်အကောက် များအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

               နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန

           အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)

         ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်

                  (၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်)

၁။  ပြည်ထောင်စုလွှတ်တော်သည် ၂၀၂၀ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပါသည်။ ယင်းအဥပဒေအရ အခွန်အမျိုးအစားအလိုက် စည်းကြပ်ကောက်ခံပိုင်ခွင့်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးရှိ ဦးစီးဌာန အကြီးအကဲများနှင့် တာဝန်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဌာနအလိုက် တာဝန်ယူ စည်းကြပ်ကောက်ခံ လျက်ရှိသည့် အခွန်အကောက် များအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်။ 

၂။ ၂၀၂၀ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် မည်သည့်ဝန်ထမ်းကိုမဆို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်။

                    (ပုံ) လွင်ကိုလတ်

             ခေတ္တပြည်ထောင်စုဝန်ကြီး

           နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

အခွန်အကောက် များအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်။ အခွန်အကောက် များအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်။ Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.