![]() |
မင်္ဂလာဒုံပစ်ခတ်မှုမှာသေဆုံးသွားသူတစ်ဦး။ |
"ကိုကျော်ဇင်လတ်က မနေ့ညက ပစ်ခတ်ရင်းနဲ့ ပွဲချင်းပြီးဆုံးသွားတယ်။ ကျည်ရှိနေသေးတော့ ကျည်ထုတ်မယ်ဆိုပြီး အခုညနေကမှ မင်္ဂလာဒုံဆေးရုံကို အလောင်းယူသွားတယ်။ ကိုဇော်မင်းထွန်းကကျတော့ ညကတည်းက ဖမ်းသွားတာ၊ ပျောက်နေလို့ ထောက်ကြံ့ရဲစခန်းလည်း သွားစုံစမ်းပေမယ့်နေ့လယ်ကမှ ဆေးရုံကနေ အလောင်းရောက်နေတယ် လာထုတ်ဆိုလို့ သွားယူတယ်။ ဦးခေါင်းခွံရော ရင်ဘတ်တွေကိုရော ခွဲထားတယ်၊ ဆီးခုံကို ကျည်ထိဆုံးသွားတာ" လို့ ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
မနေ့ညက သေနတ်ပစ်ဖောက်သွားတဲ့အပြင် လူသေဆုံးမှုတွေပါ ရှိထားတာကြောင့် နောက်ရက်တွေထပ်မံလာနှောင့်ယှက်မှာကို ရပ်ကွက်နေပြည်သူတွေစိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
BBC Burmese
မနေ့ည အင်တာနက်တွေပြတ်တောက်ချိန်နောက်ပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး
Reviewed by THITHTOOLWIN
on
21:22
Rating:

No comments:
Post a Comment