ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်း ၁၀ ဦး ရာထူးကနေ ထုတ်ပယ်ခံရ


စစ်အာဏာရှင်ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့  CDM လုပ်တဲ့ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်း ၁၀ ဦး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ 

CDM လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ၊ ခွင့်မဲ့ဆက်တိုက်ပျက်ကွက်ခဲ့ခြင်း ၊ ရုံးကနေ ဆက်သွယ်ဆောင်ရွက်တဲ့ အခါမှာလည်း ဆက်သွယ်မရခြင်းစတာတဲ့ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မတ်လ ၁၉ ရက်နေ့ကတည်းက ၎င်း ဝန်ထမ်း ၁၀ ဦးကို ပစ်ဒဏ်ကနေဖြင့် ဝန်ထမ်းကနေ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

အခုလို ပြစ်ဒဏ်နဲ့ပတ်သက်လို့ မကျေနပ်ရင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ ၆ လအတွင်း အယူခံဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်း ၁၀ ဦး ရာထူးကနေ ထုတ်ပယ်ခံရ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်း ၁၀ ဦး ရာထူးကနေ ထုတ်ပယ်ခံရ Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.