မိုဘိုင်းအင်တာနက်တွေ ပြန်ဖွင့်ပေးဖို့မရှိသေးကြောင်း စစ်ကောင်စီပြော

မိုဘိုင်းအင်တာနက်ကွန်ရက်ကိုသုံးပြီး အဖျက်အမှောင့်လုပ်ငန်းတွေကိုအွန်လိုင်းကနေချိတ်ဆက် လုပ်နေကြလို့ လတ်တလော ပြန်ဖွင့်ပေးဖို့မရှိသေးဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်ပြန်ကြားရေး ဝန်ကြီးဌာနမှာပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောခဲ့တာပါ။

မြန်မာနိုင်ငံထဲ မိုဘိုင်းကွန်ရက်ကနေ အသုံးပြုရတဲ့အင်တာနက်ဝန်ဆောင်မှုတွေ့ကို ဖြတ်တောက်ထားတာ မတ်လ ၁၅ ရက်ကတည်းက ဖြစ်ပါတယ်။

ဒါ့ပြင် ညစဉ်ညတိုင်း ည ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက်အလုံးစုံဖြတ်တောက်မှုဖြစ်နေတာ ဖေဖော်ဝါရီလ ၁၅ ရက်ကတည်းက ဖြစ်ပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူတွေကို ဖေဖော်ဝါရီလ ၂၈ ရက်အထိ အင်တာနက်လိုင်းဖြတ်တောက်ဖို့ ညွှန်ကြားစာထွက်ခဲ့ပါတယ်။

ဒါပေမဲ့ မတ်လထဲရောက်တဲ့အထိ နေ့စဉ် ၈ နာရီကြာ အင်တာနက်ဖြတ်တောက်မှုတွေ ဆက်ဖြစ်နေခဲ့သလို ဒါနဲ့ပတ်သက်ပြီး အော်ပရေတာတွေ၊ ဝန်ဆောင်မှု ပေးသူတွေဘက်က ဘယ်ကာလအထိ ဖြတ်တောက်မယ်ဆိုတာ သုံးစွဲသူကို အသိပေးကြေညာတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မနက် ၇ နာရီဝန်းကျင်မှာ အင်တာနက်လိုင်းတချို့ သုံးလို့တဲ့ရက်တွေလည်းရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မိုဘိုင်းအင်တာနက်တွေ ပြန်ဖွင့်ပေးဖို့မရှိသေးကြောင်း စစ်ကောင်စီပြော  မိုဘိုင်းအင်တာနက်တွေ ပြန်ဖွင့်ပေးဖို့မရှိသေးကြောင်း စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.