လှိုင်သာယာ ပစ်ခတ်ဖြိုခွင်းမှု သုံးဦး သေဆုံး





လှိုင်သာယာမြို့နယ်မှာ ဒီနေ့နေ့လယ်က  စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့  ပစ်ခတ်ဖြိုခွင်းတာကြောင့်  သေဆုံးဒဏ်ရာရသူတွေရှိပါတယ်။ ကနဦးသတင်းတွေအရ သေနတ်ထိမှန် သေဆုံးသူ သုံးဦး ရှိတယ်လို့ သိရပါတယ်။

လှိုင်သာယာသပိတ်ကို ပစ်ခတ်ဖြိုခွဲပြီး နာရီပိုင်းအတွင်းမှာ လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်က ဂလိုဘယ်ဖက်ရှင် အထည်ချုပ်စက်ရုံတစ်ရုံနဲ့ ရွှေနဂါး ဓာတ်မြေဩဇာ ဖြန့်ချိရေးစက်ရုံတစ်ရုံ မီးလောင်နေပါတယ်။

အဲဒီစက်ရုံတွေဟာ လမ်းဆုံတွေမှာရှိနေတာဖြစ်ပြီး နိုင်ငံခြားသားပိုင်မဟုတ်ဘဲ မြန်မာပိုင် စက်ရုံတွေဖြစ်တယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက RFA  ကို ပြောပါတယ်။ လတ်တလောမှာ မီးသတ်ကားဝင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese

လှိုင်သာယာ ပစ်ခတ်ဖြိုခွင်းမှု သုံးဦး သေဆုံး လှိုင်သာယာ ပစ်ခတ်ဖြိုခွင်းမှု  သုံးဦး သေဆုံး Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.