နေအိမ်အတွင်းရှိနေတဲ့ အသက် ၈ နှစ်ခန့်အရွယ်ကလေးကို စစ်အုပ်စုက အကြမ်းဖက်ပစ်သတ်






မန္တလေး မတ် ၂၃

နေအိမ်အတွင်းရှိနေတဲ့အသက်၈ နှစ်ခန့်အရွယ်ကလေးကိုစစ်အုပ်စုက အကြမ်းဖက် ပစ်သတ်ခဲ့ပါတယ်။ 

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နဲ့ မြရည်နန္ဒာ ရပ်ကွက်တွေဘက်ကို စစ်အုပ်စုက ဆက်တိုက်ဆိုသလို 

နေ့၊ည အကြမ်းဖက် ပစ်ခတ်တာတွေလုပ်နေတာ ၃ ရက်ရှိပါပြီ။ 

ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း ကျဆုံးခဲ့သူ အယောက် ၂၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

သေဆုံးမှုတွေမှာ အပြစ်မဲ့ ကလေးငယ်တွေပါဝင်နေပြီး ဒီနေ့မှာ အသက်၈နှစ်ခန့်အရွယ် မိန်းကလေးငယ်လည်း ကျဆုံးခဲ့တာပါ။ 

မနေ့ကလည်း အသက် ၁၄ နှစ်အရွယ်မောင်ထွန်းထွန်းအောင်သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရတဲ့ ကလေးတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပရဟိတအသင်းသားနှစ်ဦးလည်း  ကျဆုံးခဲ့ရပါသေးတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

နေအိမ်အတွင်းရှိနေတဲ့ အသက် ၈ နှစ်ခန့်အရွယ်ကလေးကို စစ်အုပ်စုက အကြမ်းဖက်ပစ်သတ် နေအိမ်အတွင်းရှိနေတဲ့ အသက် ၈ နှစ်ခန့်အရွယ်ကလေးကို စစ်အုပ်စုက အကြမ်းဖက်ပစ်သတ် Reviewed by THITHTOOLWIN on 21:18 Rating: 5

No comments:

Powered by Blogger.