![]() |
ရန်ကုန်တိုင်း မြို့နယ် ခြောက်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ လှိုင်သာယာမြို့နယ်မှာ စစ်အာဏာဆန့်ကျင် ဆန္ဒပြသူတွေကို ၂၀၂၀၁ မတ် ၁၄ ရက်နေ့က တွေ့ရစဉ် |
ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေကို ဒီနေ့မနက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အလားတူ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေကိုလည်း မနေ့ညက ကြေညာခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အာဏာပေးလိုက်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။
အခြေခံဥပဒေပုဒ်မ ၄၁၉အရ Martial Law လို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေးအာဏာကို တိုင်းမှူးကိုယ်တိုင်ပဲဖြစ်ဖြစ် စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီးတော့ပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တယ်လို့ ဆိုပါတယ်။
အခုဆိုရင် ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ခြောက်မြို့နယ်ရှိလာပါပြီ။
RFA Burmese
https://www.rfa.org/burmese/news/martial-law-03142021231122.html

No comments:
Post a Comment