မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ကျဆုံးသူနှစ်ဦးရုပ်အလောင်း ဆေးရုံမှ ပြန်ထုတ်၊ ကဗျာဆရာကေဇဝင်း ယနေ့သဂြိုလ်





မုံရွာဂေဇက်

မုံရွာ၊မတ်-၄

ယမန်နေ့က မုံရွာမြို့ ဘုရားနီအနီး ပစ်ခတ်ဖြိုခွင်းမှု တွင် ရဲမှ အချုပ်ကားပေါ်တင်သွားသည့် ကျဆုံး ရုပ်အလောင်းနှစ်လောင်းကို မိသားစုများက ဆေးရုံကြီး ရင်ခွဲရုံသို့ ယနေ့သွားရောက်ထုတ်ယူခဲ့ရကြောင်း သိရသည်။

အဆိုပါ နှစ်ဦးမှာ လက်ပံတောင်းရွာသား ကဗျာဆရာ 'ကေဇဝင်း' နှင့် မုံရွာ နတ်လူထိပ္ပန်အနီး မြို့ဝင်ရပ်မှ ကိုဝေယံံ( ခ )ကံချွန် တို့ဖြစ်ကြောင်း မိသားစုများက အတည်ပြုခဲ့သည်။

ကဗျာဆရာ ' ကေဇဝင်း' ခေါ်  ကိုချမ်းသာဆွေကို ဆက်သွယ်မရသဖြင့် နေ့လည် ၁၁နာရီက မုံရွာဆေးရုံကြီး ရင်ခွဲရုံသို့ သွားရောက်စုံစမ်းရာမှ သေဆုံးသည်ကို သိရှိရကြောင်း မိတ်ဆွေ ကဗျာဆရာများက ပြောသည်။

"ကျွန်တော့်ဆီ လာအိပ်နေကျဆိုတော့ ညက လာမအိပ်မှ ခုမနက်လိုက်စုံစမ်းရင်းသိတာ။ ပြောစရာစကား မရှိဘူး။ သူတို့လုပ်သွားတဲ့ လုပ်ရပ်ကို ကမ္ဘာမကြေဘူး"ဟု ကဗျာဆရာ တစ်ဦးက ပြောသည်။

ကိုဝေယံ( ခ ) ကံချွန်၏ ရုပ်အလာင်းကိုလည်း မနေ့က ညနေ ၆နာရီတွင် မုံရွာဆေးရုံကြီးသို့ မိသားစုဝင်များကသွားရောက်ထုတ်ယူရာ ယနေ့မနက် ၆နာရီမှ လာရောက်ထုတ်ယူဖို့ ပြန်လည်အကြောင်းပြန်ကြောင်း သိရသည်။

"ညနေ ၄နာရီလောက်မှာ ပုံတွေ့တော့ သူမှသူပဲဆိုတာ ကျွန်တော် တန်းသိတာနဲ့ ဆေးရုံကို သွားကြည့်ကြတာ။ မနက်၆နာရီမှ လာထုတ်ပါဆိုလို့ ခုမနက်မှ ထုတ်ခဲ့ရတယ် "ဟု ကိုဝေယံ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

ကဗျာဆရာ ကေဇဝင်းကို ယနေ့ညနေပိုင်းတွင် မုံရွာမြို့မသုသာန်တွင် သဂြိုလ်သည်။

 ကိုဝေယံ၏ နာရေးကိုမူ မနက်ဖြန် ညနေ ၃နာရီခွဲတွင် ပြုလုပ်သွားမည်ဟု သိရသည်။

မုံရွာဂေဇက်မှ ဆက်သွယ် စုံစမ်းမှုအရ မုံရွာတွင် မတ်လ ၃ရက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ စုစုပေါင်း ၈ဦးရှိသည်။

ဓာတ်ပုံ-ကဗျာဆရာ ကေဇဝင်း နာရေးမြင်ကွင်း

#MonywaGazette #ကေဇဝင်း #ကံချွန်


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ကျဆုံးသူနှစ်ဦးရုပ်အလောင်း ဆေးရုံမှ ပြန်ထုတ်၊ ကဗျာဆရာကေဇဝင်း ယနေ့သဂြိုလ် မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ကျဆုံးသူနှစ်ဦးရုပ်အလောင်း ဆေးရုံမှ ပြန်ထုတ်၊ ကဗျာဆရာကေဇဝင်း ယနေ့သဂြိုလ် Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.