ရန်ကုန် နာရေးကူညီမှု ရုံးခန်းကို ဝင်ရောက်စီးနင်း

ရန်ကုန် နာရေးကူညီမှု ရုံးခန်းကို ဝင်ရောက်စီးနင်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ။

Photo: RFA

ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှု အသင်းရုံးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မတ်လ ၃ ရက်နေ့ ည ၁၂ နာရီလောက်မှာ ဝင်ရောက်စီးနင်းရှာဖွေနေပါတယ်။

နာရေးကူညီမှုအသင်းရုံးရဲ့ တာဝန်ခံတဦးဖြစ်တဲ့ သရုပ်ဆောင် ထွန်းကိုကိုက "နာကူအသင်းကို ဝင်စီးနေပြီလုပ်ပါအုန်း" လို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူရဲ့ ဇနီး ဒေါ်ရွှေဇီးကွက်ကို RFA က ည ၁၂ နာရီမှာ ဆက်သွယ်မေးမြန်းရာမှာတော့ ဘာအကြောင်းကြောင့် ဝင်စီးတယ်ဆိုတာ မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။

နာရေးကူညီမှု အသင်းရုံးခန်းမှာ စေတနာ့ဝန်ထမ်း လူငယ်တွေရှိနေတယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။ နာရေးကူညီမှု အသင်းရုံးခန်းကနေ ထွက်ပြေးလာသူတဦးက ရဲတွေ၊ စစ်တပ်တွေရောက်လာလို့ ရုံးခန်းကနေ လူလွတ်အောင် ထွက်ပြေးလာရတယ်လို့ RFA ကို ပြောပါတယ်။

နာရေးကူညီမှုအသင်းဟာ အသင်းရဲ့ ပုံမှန်နာရေးလုပ်ငန်းတွေအပြင် ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-seized-free-funeral-service-03032021131834.html

ရန်ကုန် နာရေးကူညီမှု ရုံးခန်းကို ဝင်ရောက်စီးနင်း ရန်ကုန် နာရေးကူညီမှု ရုံးခန်းကို ဝင်ရောက်စီးနင်း Reviewed by THITHTOOLWIN on 08:18 Rating: 5

No comments:

Powered by Blogger.