ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ််ရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံရွာသား ၁၀၀၀ ဦးခန့် ပူးပေါင်းပါဝင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ











ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ််ရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံရွာသား ၁၀၀၀ ဦးခန့် ပူးပေါင်းပါဝင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲအစီအစဉ်တစ်ခုကို ယနေ့ ကပ္ပလီကျေးရွာတွင် ပြုလုပ်ခဲ့သည်။

နံနက် ၈ နာရီတွင် ကျေးရွာစာကြည့်တိုက်မှစတင်ထွက်ခွာပြီး ကျေးရွာအတွင်းအဓိကရွာတွင်းလမ်းမကြီးများတွင် ပြည်သူများမှ စစ်အာ ဏာရှင် အလိုမရှိသည့် ကြွေးကျော်သံများကိုဟစ်ကြွေးပြီး သပိတ်စစ်ကြောင်းကို လှည့်လည်ခဲ့ကြသည်။ နံနက် ၁၀နာရီခွဲဝန်းကျင်ခန့်တွင်သပိတ်စစ်ကြောင်းကို စတင်ထွက်ခွာရာ ကျေးရွာစာကြည့်တိုက်တွင်ပြန်လည်ရောက်ရှိပြီး ပူးပေါင်းပါဝင်သူများမှ သက်ဆိုင်ရာမိမိကျေးရွာများသို့ ပြန်လည်ထွက်ခွါခဲ့ကြသည်။  

ယနေ့သပိတ်စစ်ကြောင်းစုရပ်နေရာသို့ လှိုင်းဘွဲမြို့နယ်ရဲစခန်းမှ ရဲအင်အား ၁ဝ ဦီးခန့်ကားနှစ်စီးနှင့် စစ်တပ်အင်အား၁၀ဦးခန့်လက်နက်အင်အားယူနီဖောင်းအပြည့်အစုံဖြင့် ရောက်ရှိလာပြီး မှတ်တမ်းဓာတ်ပုံများ လာရောက်ရိုက်ကူးခဲ့သည်ဟု သိရသည်။


KIC - ကရင်သတင်းစဉ်

https://www.facebook.com/KICNewsPage

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ််ရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံရွာသား ၁၀၀၀ ဦးခန့် ပူးပေါင်းပါဝင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ််ရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံရွာသား ၁၀၀၀ ဦးခန့် ပူးပေါင်းပါဝင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ Reviewed by THITHTOOLWIN on 18:52 Rating: 5

No comments:

Powered by Blogger.