အိန္ဒိယနိုင်ငံဘက် တိမ်းရှောင်သူ မြန်မာ ၅၀ ခန့်နဲ့ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းသူတွေရှိ

အိန္ဒိယ-မြန်မာ နယ်စပ် တနေရာ။

စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာသူ ၅၀ နီးပါး ရှိနေပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်နိုင်ရေး နယ်စပ်မှာ စောင့်ဆိုင်းနေသူတွေလည်း ရှိနေကြောင်း အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း အိန္ဒိယကို ထွက်ပြေးခဲ့တဲ့ မြန်မာ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြန်လွှဲပေးဖို့ မြန်မာအာဏာပိုင်တွေက အိန္ဒိယကို တောင်းဆိုထားပါတယ်။ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်တွင်းကို ဝင်ရောက်လာတဲ့ မြန်မာ ၄၈ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင် ၈ ဦးပါဝင်ကြောင်း အိန္ဒိယအရန်တပ်ဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူ တဦးက AFP ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံကို ဝင်ရောက်ဖို့ နယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ မြန်မာဘက်က လူ အနည်းဆုံး ၈၅ ဦး ရှိတယ်လို့လည်း အမည်မဖော်တဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ပိုပြီး ဖြိုခွင်း နှိမ်နင်းမှုတွေ အတွင်း သေဆုံးရသူ ၅၀ ကျော် ရှိနေပါတယ်။ အိန္ဒိယဘက်ကို ထွက်ပြေးတဲ့ မြန်မာ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြန်လွှဲပေးဖို့ မြန်မာဘက်က အိန္ဒိယ မီဇိုရမ် အာဏာပိုင်တွေထံ စာပေးပို့ တောင်းဆိုထားကြောင်း AFP သတင်းက ရေးပါတယ်။ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူတွေရဲ့ အချက်အလက်တွေ၊ နောက် မြန်မာဘက်က ပေးပို့လာတဲ့ စာတို့ကို ဆန်စစ် သုံးသပ်နေကြောင်း အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေဘက်က ပြောဆိုထားပါတယ်။ 


 VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/fleeing-burmese-waiting-to-enter-india-border/5804402.html

အိန္ဒိယနိုင်ငံဘက် တိမ်းရှောင်သူ မြန်မာ ၅၀ ခန့်နဲ့ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းသူတွေရှိ အိန္ဒိယနိုင်ငံဘက် တိမ်းရှောင်သူ မြန်မာ ၅၀ ခန့်နဲ့ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းသူတွေရှိ Reviewed by THITHTOOLWIN on 05:04 Rating: 5

No comments:

Powered by Blogger.