ရန်ကုန်မြို့၊မဂ်လာတောင်ညွန့် ၉၁ လမ်း ၅ လွှာမှပြုတ်ကျသေဆုံးသည့်ချင်းအမျိုးသမီးကိုအရေးပေါ်ကူညီကယ်ဆယ်ရေးကားဖြင့်သယ်ဆောင်သွားသည့်ဗီဒီယိုမှတ်တမ်း
ရန်ကုန်မြို့၊မဂ်လာတောင်ညွန့် ၉၁ လမ်းမှာရှိတဲ့ we love yangon ပရဟိတအဖွဲ့ကို ဒီကနေ့ နေ့လည်ခင်း ၁၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်အင်အား အများအပြားဝင်ရောက်စီးနင်းပြီးတော့ we love yangon ရဲ့ရုံးတံခါးတွေဖျက်ဆီးပြီးရုံးခန်းထဲဝင်ရောက်ပြီး ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် စတင်စီးနင်းဝင်ရောက်စဥ်မှာပဲ သေနတ်တွေပစ်ဖောက်ခြောက်လှန့်ခဲ့တဲ့အတွက် we love yangon ရုံးခန်းရှိတဲ့ တိုက်အပေါ်ထပ်ငါးလွှာမှ အသက် ၃၅ နှစ်အရွယ်ချင်းမိန်းအမျိုးသမီး မဇွဲလီ ဟာ ပုန်းအောင်းရင်း ထိတ်လန့်ကာ ၅လွှာမှပြုတ်ကျသေဆုံးသွားတယ်လို့ရန်ကုန်အခြေစိုက်လူမူ့ကူညီရေးအသင်းတွေရဲ့လူမူ့ကွန်ရက်မှာဖော်ပြထားပါတယ်။
သေဆုံးသူဟာ ကလေးမြို့တာဟန်းဇာတိ ချင်းတိုင်းရင်းသူ၁ဦးလို့သိရပါတယ်။
သေဆုံးသူဟာ ကလေးမြို့ဇာတိ ချင်းတိုင်းရင်းသူ၁ဦး မဇွဲလီ လို့သိရပြီး CDM ၀င်ထားတဲ့၀န်ထမ်းတစ်ဦးလို့လည်းကြားသိရပါတယ်
Chin World
ရန်ကုန်မြို့၊မဂ်လာတောင်ညွန့် ၉၁ လမ်း ၅ လွှာမှပြုတ်ကျသေဆုံးသည့်ချင်းအမျိုးသမီးကိုအရေးပေါ်ကူညီကယ်ဆယ်ရေးကားဖြင့်သယ်ဆောင်သွားသည့်ဗီဒီယိုမှတ်တမ်း
Reviewed by THITHTOOLWIN
on
21:53
Rating:

No comments:
Post a Comment