ဦးဝင်းထိန်ကို ကျန်းမာရေးအရ ပြန်လွှတ်ပေးဖို့ ရှေ့နေလျှောက်ထား

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြနေသည့် NLD ပါတီ နာယက ဦးဝင်းထိန် (၀၂၊ ၀၂၊ ၂၁)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်ကို ကျန်းမာရေးအခြေအနေကြောင့် အာမခံနဲ့ ပြန်လွှတ်ပေးဖို့ သူ့ရဲ့အကျိုးဆောင်ရှေ့နေက ဒဏ္ခိဏခရိုင် တရားရုံးမှာ ဦးတိုက်လေ ျှာက်ထားခဲ့ပါတယ်။

" အသက် ၈ဝ နှစ် ရှိပြီးတော့မှ ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရတဲ့အကြောင်း ၊ အိပ်ရင် အသက်ရှုရပ်တဲ့ရောဂါရှိတဲ့အကြောင်း ၊ အောက်စီဂျင်မပြတ်ပေးသွင်းနေရတဲ့အကြောင်း ၊ သွေးတိုးရောဂါ ဆီးချိုရောဂါ၊နှလုံးကြီးရောဂါ၊ သိုင်းရွက်ဟောမုန်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါ အဲဒီလိုမျိုးရောဂါတွေ ဝေဒနာတွေ ခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက် ကုသမှု စဉ်ဆက်မပြတ်ခံယူနေရလို့ ဘဘ အတွက် ကျမတို့က အာမခံလျှောက်ထားပါတယ်ရှင့်"။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာရယူပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်အပါအဝင် NLD ပါတီခေါင်းဆောင်အတော်များများကိုဖမ်းဆီးထားတာဖြစ်ပါတယ်။

ဦးဝင်းထိန်ရဲ့ စိုးရိမ်စရာ ကျန်းမာရေးအခြေအနေကို တရားရုံးက ထည့်သွင်းစဉ်းစားပေးဖို့ ရှေ့နေဒေါ်မင်းမင်းစိုးကမေ ျှာ်လင့်နေပါတယ်။ခုချိန်ထိတော့ ဦးဝင်းထိန်ကို ဘာပြစ်မှုနဲ့စွဲဆိုထားမှန်းမသိရသေးတဲ့အပြင် ရှေ့နေရှေ့ရပ်နဲ့လည်း တွေ့ခွင့်မရသေးပါဘူး။

ဖမ်းဆီး ထိန်းသိမ်းခံထားရသူတိုင်း ရှေ့နေနဲ့တွေ့ခွင့်ရသင့်တာကြောင့် ဦးဝင်းထိန်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုထားတယ်လို့လည်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်နေတာဖြစ်ပြီး ရဲနဲ့စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် လူ ၅၄ ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်သလို သတင်းထောက် ၂၉ ဦးအပါအဝင် ဖမ်းဆီးခံထားရသူ ၁,၇၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂကပြောထားပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/u-win-htin-trial/5802861.html

ဦးဝင်းထိန်ကို ကျန်းမာရေးအရ ပြန်လွှတ်ပေးဖို့ ရှေ့နေလျှောက်ထား ဦးဝင်းထိန်ကို ကျန်းမာရေးအရ ပြန်လွှတ်ပေးဖို့ ရှေ့နေလျှောက်ထား Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.