ကြိုပင်ကောက် ဖြိုခွင်းမှုမှာ လူတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ


မတ် ၁၅ -၂၀၂၁ 

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက်၁၀နာရီခန့်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲရာ အမျိုးသားတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ‌ကြို့ပင်ကောက်မြို့ခံတွေကနေ သိရတယ်။

" အခုဆုံးသွားတဲ့ အကိုက ခြံသာယာရပ်ကွက်ကပါ။ မနက် ဆယ်နာရီကျော်ခန့်မှာ နာရီစင်နားက သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခံရတုန်း ကျဆုံးသွားတာပါ"လို့ ကြို့ပင်ကောက်မြို့ခံ CSOတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ ခြံသာယာရပ်ကွက်မှာနေတဲ့ အသက် ၃၀အရွယ် ကိုကျော်သူဝင်းဆိုသူ ဖြစ်ပြီး ဒေသခံအချို့ စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ကြို့ပင်ကောက်မြို့မှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရှိထားသူ ၄ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ကြိုပင်ကောက် ဖြိုခွင်းမှုမှာ လူတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ ကြိုပင်ကောက် ဖြိုခွင်းမှုမှာ လူတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.