ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာပြေလည်သည်အထိ သံဃမဟာနာယက လုပ်ငန်းတာဝန်ရပ်ဆိုင်း

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာပြေလည်သည်အထိ သံဃမဟာနာယက လုပ်ငန်းတာဝန်ရပ်ဆိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃမဟာနာယကအဖွဲ့။ Photo: StateSamghaMahanayaka / Facebook


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကနေ အခုကစပြီး လုပ်ငန်းတာဝန်တွေ လုံးဝရပ်ဆိုင်းကြောင်း မတ်လ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတောင်ကြီးရဲ့ အစည်းအဝေးခန်းမဆောင်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးတွေ ၄၇ ပါး စုံညီအစည်းအဝေး ပြုလုပ်ပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းတာဝန်တွေ ရပ်ဆိုင်းထားမယ့်ကာလကိုတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ လုံးဝ ထိန်းချုပ်နိုင်ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုတဲ့ အချိန်နဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြီးဆုံးပြီး ပြည်သူတွေ ပုံမှန်အတိုင်း လွတ်လပ်စွာ သွားလာနေထိုင်နိုင်တဲ့အချိန်ထိလို့ ပြောဆိုထားပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးရဲ့ မေတ္တာရပ်ခံချက် ၅ ချက်ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

အဓိကကတော့ - လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းနေတာတွေ၊ ဖမ်းဆီးနှိပ်စက်နေတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ လုယက်ဖျက်ဆီးနေတာတွေကနေ ကာကွယ်ပေးဖို့၊ မျိုးဆက်သစ် လူငယ်တွေရဲ့ အနာဂတ်ကို အလေးအနက်ထား ထည့်သွင်း စဉ်းစားဖို့၊ နိုင်ငံ၊ လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှု ဂုဏ်သိက္ခာမထိခိုက်အောင် ရှောင်ဖို့နဲ့ နိုင်ငံရေးအကျပ်အတည်းပြေလည်စေရေး တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့တွေကို တောင်းဆိုထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/state-samgha-mahanayaka-statement-over-coup-03162021133635.html

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာပြေလည်သည်အထိ သံဃမဟာနာယက လုပ်ငန်းတာဝန်ရပ်ဆိုင်း  ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာပြေလည်သည်အထိ သံဃမဟာနာယက လုပ်ငန်းတာဝန်ရပ်ဆိုင်း Reviewed by THITHTOOLWIN on 00:38 Rating: 5

No comments:

Powered by Blogger.